ဘက်ထရီ ပြဿနာကြောင့် ဒေါ်လာ ၁၁၃ သန်း လျော်ကြေးတောင်းခံရတဲ့ Apple

Apple ဟာ ဖုန်း အဟောင်းတွေမှာ ဘက်ထရီ ပြဿနာ မဖြစ်အောင် Software Update နဲ့ စွမ်းရည်ကျဆင်းအောင်ပြုလုပ်ခဲ့တဲ့ သတင်းထွက်ခဲ့တာ ၃ နှစ်နီးပါး ရှိနေပါပြီ။ Apple က ဖုန်း အလိုလို ပိတ်သွားတာ မဖြစ်အောင် ဒီလိုလုပ်တာလို့ ဝန်ခံပြီးနောက်မှာ Apple ကို ဝက်ဝက်ကွဲ တရားစွဲကာ နစ်နာကြေးတောင်းဆိုခဲ့ကြပါတယ်။ အခုလည်း ၃ နှစ်ပြည့်ခါနီးမှာ Apple ဟာ နောက်တစ်ခါ တရားစွဲခံရပြီး ဒေါ်လာ ၁၁၃ သန်း လျော်ကြေးတောင်းခံနေရပါတယ်။

Apple ဟာ ဖုန်း အဟောင်းတွေမှာ ဘက်ထရီ စွမ်းရည်ကျဆင်းလာတဲ့အတွက် အလိုလို ပိတ်သွားတာမျိုး မဖြစ်အောင် iOS Software ကနေ ဖုန်း လေးလံသွားအောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။ Apple ကတော့ လိုအပ်လို့ လုပ်တာလို့ပြောပေမယ့် Customers တွေက ဒီလို မမြင်ဘဲ ဖုန်း အသစ် ဝယ်အောင် တမင်တကာလုပ်တာလို့ စွပ်စွဲခဲ့ကြပါတယ်။

အခု အမှုကို စစ်ဆေးဖို့အတွက် အမေရိကန် ပြည်နယ် ၃ ခု ဖြစ်တဲ့ Arizona, Arkansas , Indiana က ဦးဆောင်သူတွေ ပါမယ်လို့ သိရပါတယ်။ Apple ထံကနေ လျှော်ကြေး ငွေ ရရှိဖို့ တရားစွဲသူတွေက အလိုရှိနေပါတယ်။

Ref : fonearena

%d bloggers like this: