6,000mAh ဘက်ထရီ ပါတဲ့ Poco M3 ကို မနက်ဖြန် ကြေညာမည်

Poco က မနက်ဖြန် ၂၄ ရက်နေ့မှာ Poco M3 ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူဟာ တရုတ်မှာ ၂၆ ရက်နေ့ ကြေညာတော့မယ့် Redmi Note 9 4G ကို နာမည်ပြောင်း ရောင်းချတာလို့ သတင်းထွက်နေပါတယ်။ Poco က M3 ရဲ့ Specs တချို့ကို အတည်ပြုထားပြီး ၆.၅၃ လက်မ မျက်နှာပြင် ၊ Snapdragon 662 SoC နဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ပါမယ်လို့ သိရပါတယ်။

ပေါက်ကြား ထွက်ပေါ်နေတဲ့ Poco M3 or Redmi Note 9 4G ရဲ့ Specs တွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

Redmi Note 9 4G (M2010J19SC/CG) / POCO M3 (M2010J19SI) rumoured specifications

• 6.53-inch (2340 × 1080 pixels) Full HD+ LCD screen
• Octa Core Snapdragon 662 11nm Mobile Platform (Quad 2GHz Kryo 260 + Quad 1.8GHz Kryo 260 CPUs) with Adreno 610 GPU
• 4GB / 6GB LPPDDR4x RAM with 64GB / 128GB (UFS 2.1) storage, expandable memory up to 512GB with microSD
• Dual SIM
• Android 10 with MIUI 12
• 48MP rear camera with LED flash, ultra-wide angle lens, depth / macro camera
• 8MP front camera
• Side-mounted fingerprint sensor, IR sensor
• 3.5mm audio jack, FM Radio
• Splash resistant (P2i coating)
• Dimensions: 162.29×77.24×9.6mm; Weight: 198g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 6000mAh (Typical) / 5900mAh (minimum) battery with 22.5W fast charging

မနက်ဖြန်မှာတော့ Poco M3 ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို တရားဝင် သိရတော့မှာ ဖြစ်ပါတယ်။

Ref : fonearena

%d bloggers like this: