Samsung Galaxy A12 ကို ကြေညာဖို့ နီးနေပြီ

Samsung ဟာ မတ်လမှာ Galaxy A11 ကို ကြေညာခဲ့ပြီး မကြာခင်မှာ မျိုးဆက်သစ် Galaxy A12 ကို ချပြတော့မယ်လို့ ထင်ပါတယ်။ Galaxy A12 ဟာ Bluetooth Certification ရရှိသွားပြီ ဖြစ်တဲ့အတွက် တရားဝင် ချပြဖို့ သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။

Galaxy A12 ရဲ့မော်ဒယ်နံပါတ်ဟာ SM-A125F_DSN ဖြစ်ပြီး သူ့ရဲ့ Specifications တွေကိုတော့ မဖော်ပြထားသေးပါဘူး။ Geekbench က စာရင်းအရ Helio P35 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး Android 10 နဲ့ 3GB RAM ပါလာမှာ ဖြစ်ပါတယ်။ တခြား RAM Options တွေလည်း ထုတ်လုပ်ရောင်းချနိုင်ပေမယ့် အတိအကျ မသိရသေးပါဘူး။

Galaxy A12 ရဲ့ ပေါက်ကြားသတင်းတွေအရ 32GB နဲ့ 64GB Storage Option တွေ ပါလာမှာ ဖြစ်ပြီး အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ သူ့မှာ Galaxy A11 ရဲ့ PLS TFT Touchscreen နဲ့ Capacitive Fingerprint Scanner ပါလာမှာ ဖြစ်ပြီး မကြာခင်က ပေါက်ကြားခဲ့တဲ့ Case ဓါတ်ပုံတွေအရ ညာဘက်က ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: