OnePlus Nord N100 မှာ 90Hz Refresh Rate ပါတာ သေချာပြီ

OnePlus ဟာ ပြီးခဲ့တဲ့ လက N10 5G နဲ့အတူ Nord N100 ကို ကြေညာခဲ့ပါတယ်။ မိတ်ဆက်ပွဲမှာ OnePlus က Nord N100 မှာ ၆.၅၂ လက်မ HD+ 60Hz မျက်နှာပြင် ပါတယ်လို့ ပြောခဲ့ပေမယ့် အခုတော့ စတိုးဆိုင်ကို ရောက်လာတဲ့ အလုံးတွေမှာ 90Hz Refresh Rate ပါလာပါတယ်။ ဒါဟာ ဩဂုတ်လ အိန္ဒိယမှာ ကြေညာခဲ့တဲ့ OPPO A53 နဲ့ တူညီပါတယ်။

OnePlus Nord N100 ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၅၂ လက်မ HD+ 60Hz မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 8MP Punch Hole ကင်မရာ၊ Snapdragon 460 ၊ 4GB RAM ၊ အနောက်ကင်မရာ ၃ လုံးနဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါပါတယ်။

အားသွင်းနှုန်းက 18W ဖြစ်တဲ့အတွက် တန်ဖိုးနည်း ဖုန်း အတွက် သင့်တင့်ပါတယ်။ Android 10 အခြေပြု Oxygen OS 10.5 မောင်းနှင်ထားပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

OnePlus Nord N100 specifications

• 6.52-inch (1600 x 720 pixels) HD+ LCD screen with 2.5D Corning Gorilla Glass 3 protection
• Octa Core Snapdragon 460 11nm Mobile Platform (1.8GHz x 4+1.6GHz x 4 Kryo 240 CPUs) with Adreno 610 GPU
• 4GB LPDDR4x RAM, 64GB (UFS 2.1) storage, expandable memory up to 256GB with microSD
• Dual SIM
• Android 10 with Oxygen OS 10.5
• 13MP rear camera with f/2.2 aperture, LED flash, 2MP depth sensor and 2MP macro sensor with f/2.4 aperture
• 8MP front-facing camera with f/2.0 aperture
• Dimensions: 164.9 x 65.1 x 8.49mm; Weight: 188g
• Rear-mounted fingerprint sensor
• 3.5mm audio jack, stereo speakers
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/ GLONASS/ Beidou, USB Type-C
• 5000mAh battery with 18W fast charging

Nord N100 အတွက် Midnight Frost ၁ ရောင်ပဲ ထုတ်လုပ်ထားပြီး ၂၁၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၇ သောင်းလောက်ကျသင့်ပြီး ဗြိတိန်နဲ့ ဥရောပမှာ နိုဝင်ဘာလက စတင် ရောင်းချပေးမှာပါ။

Ref : fonearena

%d bloggers like this: