5,000mAh ဘက်ထရီ ပါလာနိုင်တဲ့ Samsung Galaxy A02

Samsung က တန်ဖိုးနည်း ဖုန်း အသစ် ဖြစ်တဲ့ Galaxy A02 ကို ကြေညာဖို့ တာစူနေပါတယ်။ သူ့ကို အစောဆုံး အနေနဲ့ Bluetooth SIG မှာ တွေ့ခဲ့ရပြီး အဲဒီနောက် Geekbench မှာ မြင်ခဲ့ရပါတယ်။ မကြာခင်က ထိုင်းက NBTC မှာ မှတ်ပုံတင်ခဲ့ပြီး အခုတော့ လက်တင် အမေရိကက CPQD ကို ရောက်လာပါပြီ။ သူ့ကို တချို့နိုင်ငံတွေမှာ Galaxy M02 နာမည်နဲ့ ကြေညာနိုင်ပါတယ်။

CPQD ရဲ့ ဝက်ဘ်ဆိုက်မှာ ဘက်ထရီရဲ့ မော်ဒယ်ကုဒ်ဟာ HQ-50S ဖြစ်ပြီး ဒါဟာ 5,000mAh ဘက်ထရီ ဖြစ်နိုင်ပါတယ်။ Geekbench က စာရင်းအရ 3GB RAM ပါလာမှာ ဖြစ်ပြီး Android 11 ထည့်ထားမှာပါ။ သူ့မှာ Qualcomm Snapdragon 450 Chipset နဲ့ Adreno 506 GPU ပါမယ်လို့ သိရပါတယ်။

ပေါက်ကြားသတင်းတွေအရ အနောက်ဘက်မှာ 13MP Main နဲ့အတူ 2MP Depth ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားနိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစားက ၅.၇ လက်မ ဖြစ်ပြီး HD+ Resolution ထောက်ပံ့ထားမှာပါ။

အထက်က Specs တွေကလွဲပြီး Galaxy A02 ရဲ့ တခြား Specs တွေကို မသိရသေးပါဘူး။ အရင်မျိုးဆက် A01 ကို အရင်နှစ် ဒီဇင်ဘာလက ကြေညာခဲ့ပြီး ၂၀၂၀ ခုနှစ် အစောပိုင်းမှာ ရောင်းချပေးခဲ့တာပါ။ A02 ကိုလည်း ဒီနှစ် ဒီဇင်ဘာလမှာ မိတ်ဆက်နိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: