ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ LG Stylo 7 ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

မေလမှာ ဒစ်ဂျစ်တယ် ဘောပင် ပါတဲ့ LG Stylo 6 ကို ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ် LG Stylo 7 အလှည့်ကျရောက်တော့မယ်လို့ ထင်ပါတယ်။ သူ့ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြီး ဒီဇိုင်းဟာ အရင်မျိုးဆက်တွေနဲ့ မတူဘဲ ဆန်းသစ်ထားပါတယ်။ ၆.၈ လက်မ မျက်နှာပြင် ပါလာပြီး ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင် အထက် အလယ်နားက Punch Hole မှာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို တွေ့ရပါတယ်။ အရွယ်အစား အပြည့်အစုံက 170.6mm x 77mm x 8.6 mm ဖြစ်ပြီး အောက်ခြေမှာ နားကြပ်ပေါက်၊ USB-C Port ၊ စပီကာ အပေါက်နဲ့ ဒစ်ဂျစ်တယ် ဘောပင် ထည့်သွင်းတဲ့ အကန့် ထည့်သွင်းထားပါတယ်။ ဘေးဘက်က ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။

LG Stylo 7 မှာ မောင်းနှင်ထားမယ့် Chipset နဲ့ ဘက်ထရီတွေအကြောင်းကို မသိရသေးပေမယ့် မကြာခင်မှာ တရားဝင် ကြေညာတော့မယ်လို့ ထင်ရပါတယ်။

Ref : gsmarena

%d bloggers like this: