Redmi Note 9 Series ကို ၂ သိန်းလောက်နဲ့ ရောင်းမယ်လို့ Lei Jun ပြော

Xiaomi ကို တည်ထောင်သူ Lei Jun က တရုတ်မှာ ၂၆ ရက်နေ့ ကြေညာမယ့် Redmi Note 9 Series ရဲ့ ဈေးအကြောင်းကို အရိပ်အမြွက် အသိပေးလိုက်ပါတယ်။ သူက တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ယွမ် ၁,၀၀၀ လောက်ပဲ ရှိမယ်လို့ ပြောတဲ့အတွက် ၂ သိန်းလောက်ပဲ ကျသင့်မှာပါ။

သူက Redmi Note 9 Series မှာ စွမ်းဆောင်ရည်၊ ကင်မရာနဲ့ ဘက်ထရီ သက်တမ်းတွေဟာ အကောင်းဆုံး ဖြစ်မယ်လို့ သတင်းပေးထားပါတယ်။ Redmi Note 9 Series ရဲ့ ပထမဆုံး 5G ဖုန်းတွေ ဖြစ်လာမှာ ဖြစ်ပြီး Redmi Note 9 5G နဲ့ Redmi Note 9 Pro 5G လို့ နာမည်ပေးထားနိုင်ပါတယ်။ နာမည်တွေကိုတော့ Xiaomi က အတည်မပြုသေးပါဘူး။ ပေါက်ကြားနေတဲ့ သတင်းတွေအရ စွမ်းရည်သင့် 5G ဖုန်းတွေ ဖြစ်ပြီး ကင်မရာ ၄ လုံးနဲ့ အရွယ်ကြီး ဘက်ထရီတွေ ပါလာမှာပါ။

Redmi Note 9 5G ကို Dimensity 800U Chipset မောင်းနှင်ထားနိုင်ပြီး အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 48MP အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားမှာပါ။ Pro မှာ ပိုကောင်းတဲ့ Snapdragon 750G Chipset မောင်းနှင်ထားပြီး RAM ပိုများမှာပါ။ 108MP ပင်မ ကင်မရာ ပါလာမှာဖြစ်ပြီး အရောင် ၇ မျိုးတောင် ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။

Ref : gizmochina

%d bloggers like this: