Xiaomi က အိန္ဒိယမှာ ၁၇,၀၀၀ တန် Mi 33W SonicCharge 2.0 Charger Combo ကို ကြေညာ

Xiaomi ဟာ ဒီနှစ် အစောပိုင်းက Redmi Note 9 Pro နဲ့အတူ အိန္ဒိယမှာ 33W Fast Charging ကို မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Mi 10 , Mi 10T Pro , Poco M2 နဲ့ Poco X3 တွေမှာ ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ Xiaomi ဟာ အိန္ဒိယမှာ Mi 33W SonicCharge 2.0 Charger Combo ကို ရောင်းပေးလိုက်ပါတယ်။

သူ့မှာ Power Output အနေနဲ့ 5V-3A/9V-2A/9V-3A/12V-1.5A/12V-2.25A/20V-1.32A/11V-3A တွေ ထောက်ပံ့ထားပြီး 18W နဲ့ 27W Fast Charging ပါတဲ့ ဖုန်းတွေကိုလည်း အားသွင်းပေးနိုင်ပါတယ်။ Qualcomm Quick Charger 3.0 စံနှုန်းလည်း ပါပါတယ်။ အပူလွန်ကဲတာကို ထိန်းချုပ်နိုင်တဲ့ နည်းပညာ ပါလာပြီး Charger ဟာ 380V အထိ မီးအားမြင့်တက်တာကို ခံနိုင်ပါတယ်။

Mi 33W SonicCharge 2.0 Charger အတွက် အဖြူရောင် ထုတ်လုပ်ထားပြီး 100cm ရှည်တဲ့ USB-Type C ကြိုးကို ထည့်သွင်းပေးထားပါတယ်။ Mi.com ကနေ ၉၉၉ ရူပီးနဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၁၇,၀၀၀ လောက်ပဲ ကျသင့်ပါတယ်။

Ref : fonearena

%d bloggers like this: