Poco M3 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

Poco က ဒီနှစ်မကုန်ခင်မှာ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ လက သတင်းထွက်ခဲ့ပါတယ်။ မကြာခင်ကပဲ Poco Global ရဲ့ တရားဝင် တွစ်တာ အကောင့်က နောက်ထုတ်မယ့် Poco M3 ရဲ့ Teaser ကို မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Poco M Series ဖြစ်တဲ့ Poco M2 နဲ့ M2 Pro တို့ရဲ့ တတိယမြောက် အဖွဲ့ဝင်ဖြစ်လာမှာပါ။ Poco M3 လို့ နာမည်ပေးထားပြီး ဒီလ ၂၄ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။

အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ Poco M3 ရဲ့ ဓါတ်ပုံ ၁ ပုံ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Poco Logo ကို အကြီးကြီး မရေးထိုးထားတာ တွေ့ရပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို dual-led Flash ဘေးမှာ တပ်ဆင်ထားတာ မြင်ရပါတယ်။ အနက်၊ အဝါနဲ့ အပြာရောင်တွေကို ဓါတ်ပုံမှာ မြင်ရပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားတဲ့အတွက် LCD ဖြစ်နိုင်ပါတယ်။

ပေါက်ကြားနေတဲ့ သတင်းတွေအရ သူ့မှာ ၆.၅၃ လက်မ FHD+ မျက်နှာပြင်၊ Snapdragon 662 Chipset ၊ 4GB
RAM ၊ 48MP Main ကင်မရာနဲ့ 6,000mAh ဘက်ထရီတွေ ထည့်သွင်းထားမှာပါ။ အားသွင်းနှုန်းက 18W ဖြစ်ပါတယ်။

Poco က သူ့ရဲ့ Specs တွေကို အရိပ်အယောင်တောင် မပေးသေးပါဘူး။ ဒါပေမယ့် Poco Global က မျှဝေထားတဲ့အတွက် နိုင်ငံတော်တော်များများမှာ ရောင်းချနိုင်ပါတယ်။ သူ့ရဲ့ Specs တော်တော်များများဟာ မကြေညာရသေးတဲ့ Redmi Note 10 နဲ့ တူညီမယ်လို့ ထင်ရပါတယ်။

Poco M2 ဟာ Redmi 9 ကို နာမည်ပြောင်း ရောင်းချထားတာ ဖြစ်သလို M2 Pro ဟာလည်း Redmi Note 9S နဲ့ အားလုံးနီးပါး တူညီပါတယ်။ Redmi Note 9S ကို အိန္ဒိယမှာ Redmi Note 9 Pro နာမည်နဲ့ ရောင်းပေးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ Poco M3 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ ပိုမို သိလာရတော့မှာပါ။

Ref : gsmarena

%d bloggers like this: