ZTE က Axon 20 5G Extreme Edition လာမယ်လို့ အတည်ပြု

ZTE က Axon 20 5G Extreme Edition လာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ZTE ဟာ စက်တင်ဘာလက Axon 20 5G ကို ကြေညာခဲ့ပြီး အခုတော့ သူ့ရဲ့ Extreme Edition ကို ချပြတော့မှာပါ။ ZTE မျှဝေထားတဲ့ ဓါတ်ပုံမှာ လိမ္မော်ရောင် Extreme Edition ကို မြင်ရပြီး အနောက်ဘက်မှာ ခပ်ကြီးကြီး ရေးထားတဲ့ Axon Logo ကို မြင်ရပါတယ်။

Axon 20 5G Extreme Edition ရဲ့ Specs တွေကို ဓါတ်ပုံမှာ မပြထားသေးပါဘူး။ Axon 20 5G Extreme Edition မှာ ဘာတွေပြောင်းလဲသွားမလဲ ဆိုတာ မသိရသေးပေမယ့် ရိုးရိုးမော်ဒယ်နဲ့ အများကြီး တူညီနိုင်ပါတယ်။ ရိုးရိုး မော်ဒယ်ရဲ့ Specs တွေကို ပြန်လည်လေ့လာနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

ZTE Axon 20 5G ဟာ မျက်နှာပြင်အောက်ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ ၆.၉၂ လက်မ OLED မျက်နှာပြင်နဲ့ 90Hz Refresh Rate ထည့်ထားပါတယ်။ Snapdragon 765G Chipset မောင်းနှင်ထားပြီး Android 10 အခြေပြု MiFlavor 10.5 UI အုပ်ထားပါတယ်။ အနောက်ဘက်မှာ 64MP , 8MP Ultrawide, 2MP Depth နဲ့ 2MP Macro ကင်မရာတွေ ထည့်ထားပါတယ်။

မျက်နှာပြင်အောက်မှာ ဆဲလ်ဖီး ကင်မရာ အပြင် လက်ဗွေရာ အာရုံခံ ကိရိယာလည်း မြှပ်နှံထားပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။ Qualcomm Quick Charge 4+ နဲ့ 30W Fast Charging တွေ ပါလာပြီး မိနစ် ၃၀ အတွင်းမှာ ၆၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

ZTE AXON 20 5G specifications

• 6.92-inch (2460 × 1080 pixels) Full HD+ OLED 20.5:9 display, 90Hz refresh rate, 100% DCI-P3 color gamut
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 6GB / 8GB LPDDR4x RAM with 128GB (UFS 2.1) / 8GB LPDDR4x RAM with 256GB (UFS 2.1), expandable memory up to 2TB
• Android 10 with MiFlavor 10.5
• Dual SIM
• 64MP rear camera with f/1.8 aperture, LED flash, 8MP 119° Ultra Wide Lens with f/2.2 aperture, 2MP macro and 2MP depth sensor with f/2.4 aperture
• 32MP under-screen front-facing camera with f/2.0 aperture
• In-display fingerprint sensor
• Dimensions: 172.1×77.9×7.98mm; Weight: 198g
• USB Type-C audio, DTS:X Ultra
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/GLONASS/Beidou, USB Type-C, NFC
• 4220mAh (typical) / 4120mAh (minimum) battery with 30W fast charging, Qualcomm Quick Charge 4+

အနက်၊ လိမ္မော်၊ အပြာနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၂၁၉၈ ယွမ်၊ 8/128GB ကို ၂၄၉၈ ယွမ်၊ 8/256GB ကို ၂၇၉၈ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၄ သိန်း ၂ သောင်းလောက်ရှိပါတယ်။

Ref : gsmarena

%d bloggers like this: