Vivo က OriginOS ကို ကြေညာပြီ

Vivo က FuntouchOS ကို အစားထိုးမယ့် OriginOS ကို ကြေညာလိုက်ပါတယ်။ OriginOS မှာ Widget System အသစ်၊ အဆင့်မြင့် Gestures ၊ Memory Optimizations နဲ့ Visual အသစ်များစွာ ထည့်သွင်းထားပါတယ်။


Widgets အကြောင်းကို စပြောရအောင်။ အရွယ်အစား မတူတဲ့ Widgets များစွာကို Homescreen မှာ လွယ်ကူစွာ နေရာချလို့ရလာပါတယ်။ Widgets တွေဟာ အရွယ်အစားအလိုက် သတင်းအချက်အလက်တွေကို အဆင်ပြေအောင်ပြသပေးမှာ ဖြစ်ပြီး Widgets ၁ ခုကို ထိလိုက်ရင် သတင်းအချက်အလက် အပြည့်အစုံကို မြင်ရမှာပါ။


Vivo က Screen အောက်ခြေကို ထိလိုက်တာနဲ့ အလုပ်လုပ်တဲ့ Gesture Combination ပေါင်း ၂၆ ခု ထည့်သွင်းထားပြီး လျှင်မြန်တဲ့ မိုဘိုင်း ငွေပေးချေမှုအတွက် Screen ပိတ်ထားရင်တောင် အလုပ်လုပ်တဲ့ SuperCard ပါတယ်လို့ ပြောပါတယ်။

OriginOS မှာ Multi-turbo 5.0 နဲ့ Memory Optimization နည်းလမ်းများစွာ ထည့်သွင်းထားမှာပါ။ Flash
Storage ကို ဒေတာတွေ ပြောင်းခြင်းဖြင့် အပို 3GB RAM ထွက်လာစေတဲ့ Memory Fusion ပါလာပါတယ်။ RAM နည်းနည်းနဲ့ App တွေ အလုပ်လုပ်စေတဲ့ လုပ်ဆောင်ချက်လည်း ထည့်သွင်းထားပြီး သင်ဖွင့်မယ့်
App ကို ကြိုတင်ခန့်မှန်းကာ ဒေတာတွေ ကြိုစုထားခြင်းဖြင့် App ဖွင့်ရင် မြန်စေတဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။

Ref : gsmarena

%d bloggers like this: