Samsung က ဈေးသက်သာတဲ့ Galaxy Z Flip Lite ကို ထုတ်လုပ်ရောင်းချမည်

လက်ရှိ အချိန်မှာ Foldable ဖုန်းတွေဟာ အရမ်းကို ဈေးကြီးနေပါသေးတယ်။ Samsung ဟာ Galaxy Z Fold 2 ထက် ဈေးချိုတဲ့ Galaxy Z Fold Lite ကို ဖန်တီးနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ နောက် ၁ မျိုး သတင်းထွက်လာပါတယ်။

Foldable ဖုန်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကြိုတင် ကြေညာရာမှာ နာမည်ကြီးတဲ့ Ross Young က
Z Fold Lite သတင်းကို မကြားမိတော့ဘူးလို့ ပြောပါတယ်။ သူက Samsung ဟာ Galaxy Z Flip ထက် ဈေးသက်သာတဲ့ Galaxy Z Flip Lite ကို ဖန်တီးနေတယ်လို့ ပြောပါတယ်။

Lite မော်ဒယ်မှာ Z Flip မှာလို Ultra Thin Glass ပါလာမယ်လို့ သိရပါတယ်။ သူ့မှာ ကုန်ကျစားရိတ် သက်သာစေဖို့ ပလတ်စတစ်ကိုယ်ထည်ကို အသုံးပြုထားနိုင်ပါတယ်။ Z Flip Lite ဟာ Z Flip ထက် ဈေးသက်သာမယ်ဆိုပေမယ့်လည်း တော်ရုံလူတော့ ဝယ်နိုင်မှာ မဟုတ်ပါဘူး။ အနာဂတ်မှာတော့ Foldable ဖုန်းတွေ ဒီထက် ပိုဈေးချိုလာပြီး လူတန်းစားမျိုးစုံ ကိုင်နိုင်မယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: