Mask တပ်ဖို့နဲ့ Social Distancing လုပ်ဖို့ စက်ရုပ်တွေနဲ့ အသိပေးနေတဲ့ ဂျပန်က စတိုး

ကိုဗစ် ကာလမှာ စက်ရုပ်တွေဟာ အရမ်းကို အသုံးဝင်လာပါတယ်။ ဂျပန်က စတိုး ၁ ခုကလည်း Mask တပ်ဖို့နဲ့ Social Distancing လုပ်ဖို့ စက်ရုပ်တွေနဲ့ အသိပေးနေပါတယ်။ စက်ရုပ် နာမည်က Robovie ဖြစ်ပြီး နာမည်ကျော် စက်ရုပ် ကုမ္ပဏီ Advanced Telecommunications Research Institute International (ATR) က ဖန်တီးထားတာပါ။ စက်ရုပ်ဟာ စတိုးမှာ ဈေးဝယ်သူတွေကို လမ်းညွှန်ပေးနိုင်ပါသေးတယ်။

သူ့မှာ AI နဲ့ 3D Laser Beam နည်းပညာ ပေါင်းစပ်ထားတဲ့ စွမ်းရည်မြင့် ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ ဈေးလာဝယ်သူတွေ Mask မတပ်ထားရင် သူက သိနားလည်ပြီး Mask တပ်ဖို့နဲ့ လူစုလူဝေး မလုပ်ဖို့ အသိပေးပါတယ်။

သူ့ကို စတိုးမှာ ၁ လကြာ စမ်းသပ်မယ်လို့ ATR က ပြောပါတယ်။ လက်ရှိ အချိန်အထိ ဂျပန်မှာ ကိုဗစ် ကူးစက်သူ ၁၂၀,၀၀၀ ရှိပြီး ၂,၀၀၀ လောက် သေဆုံးပြီးပါပြီ။ ကိုဗစ် စတင် ဖြစ်ပွားတဲ့ တရုတ်နဲ့ နီးကပ်တဲ့အတွက် ဂျပန်ဟာ တခြား နိုင်ငံတွေထက် ကိုဗစ်ကို ကာကွယ်ရာမှာ ပိုကြိုးစားခဲ့ရပါတယ်။

ကိုဗစ် အပြင် အနာဂတ် ကူးစက်ရောဂါတွေအတွက်လည်း စက်ရုပ်တွေဟာ အရမ်းကို အသုံးဝင်လာမှာပါ။ Isolation Center နဲ့ ဆေးရုံတွေမှာ စက်ရုပ်တွေဟာ အဓိကကျတဲ့ နေရာကနေ ပါဝင်နေပါတယ်။ ဂျပန်ဟာ စက်ရုပ်တွေ တီထွင်ရာမှာ ကမ္ဘာ့ နာမည်ကြီး နိုင်ငံ ၁ နိုင်ငံ ဖြစ်ပါတယ်။

Ref : gizmochina

%d bloggers like this: