Samsung Galaxy M12 ရဲ့ ရှုထောင့်မျိုးစုံကို ပြသတဲ့ ဗီဒီယို ထွက်ပေါ်လာ

Samsung Galaxy M12 ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ မကြာခင်က ထွက်လာခဲ့ပါတယ်။ အရင် သတင်းတွေအရ အဲဒီ စမတ်ဖုန်းကို အိန္ဒိယလို တချို့ နိုင်ငံတွေမှာ Galaxy F12 လို့ နာမည်ပေးထားမယ်လို့ သိရပါတယ်။ မကြာခင်က သူ့ရဲ့ ဓါတ်ပုံတွေကို OnLeaks က မျှဝေခဲ့ပြီး အခုလည်း သူ့ရဲ့ ရှုထောင့်မျိုးစုံကို ပြသထားတဲ့ ဗီဒီယို အတို ၁ ခုကို OnLeaks ကပဲ မျှဝေလိုက်ပါတယ်။

ဗီဒီယိုအရ သူ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး အနောက်ဘက်က Two-tone ဒီဇိုင်း ဖြစ်ပါတယ်။ Infinity-V မျက်နှာပြင် ထည့်သွင်းထားပြိး ဘေးဘက် လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ အနက်ရောင်ကို မြင်ရပြီး တခြားအရောင်တွေကိုလည်း ထုတ်လုပ်ထားမယ်လို့ ထင်ပါတယ်။

သူမှာ ၆.၅ လက်မ မျက်နှာပြင် ပါလာမယ်လို့ သိရပေမယ့် Resolution ကို မသိရသေးပါဘူး။ အရွယ်အစား အပြည့်အစုံမှာ 163.9 x 75.9 x 8.9~10mm ဖြစ်ပါတယ်။ သူ့ရဲ့ အမိုက်ဆုံး အစိတ်အပိုင်းက အရွယ်ကြီး 7,000mAh ဘက်ထရီ ဖြစ်ပါတယ်။ Samsung ဟာ မကြာခင်က အိန္ဒိယမှာ Galaxy F41 စမတ်ဖုန်းကို ကြေညာခဲ့ပါတယ်။ Galaxy M12/F12 ရဲ့ သတင်းအချက်အလက်တွေကို မကြာခင် ပိုသိလာရတော့မှာပါ။

Ref : gsmarena

%d bloggers like this: