48MP ကင်မရာနဲ့ 5,100mAh ဘက်ထရီ ပါတဲ့ Gionee M12

နိုင်ဂျီးရီးယားမှာ Gionee M12 ရဲ့ ဗားရှင်း ၂ မျိုးကို ကြေညာလိုက်ပါတယ်။ ၂ လုံးစလုံးမှာ Android 10 ပါလာပြီး တန်ဖိုးနည်း ဖုန်းတွေ ဖြစ်ပါတယ်။ ၁ ခုထဲသော ကွာခြားချက်က Chipset ဖြစ်ပါတယ်။ ၁ မျိုးမှာ MediaTek Helio P22 နဲ့ နောက် ၁ မျိုးမှာ Helio A25 ထည့်သွင်းထားပြီး ၂ မျိုးစလုံးအတွက် 4/64GB နဲ့ 6/128GB တွေ ထုတ်လုပ်ထားပါတယ်။ microSD Card လည်း စိုက်နိုင်ပါတယ်။

M12 မှာ ၆.၅၅ လက်မ IPS LCD 720x1600p မျက်နှာပြင် ထည့်သွင်းထားပြီး Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 5MP Ultrawide နဲ့အတူ 2MP ကင်မရာ ၂ လုံး ပါပါတယ်။ 4G ဖုန်း ဖြစ်ပြီး Dual SIM ထောက်ပံ့ထားပါတယ်။

အရွယ်ကြီး 5,100mAh ဘက်ထရီ ပါလာပြီး USB-C ထောက်ပံ့ထားပါတယ်။ 3.5mm Headphone Jack တပ်ဆင်ထားပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Helio P22 4/64GB Version ကို NGN 75,000 နဲ့ A25 Version ကို NGN 69,400 သတ်မှတ်ထားပြီး ၂ သိန်းခွဲနဲ့ ၂ သိန်း ၃ သောင်းလောက်ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: