Redmi Note 9 Pro အတွက် Android 11 Update ရပြီ

Xiaomi ဟာ ပြီးခဲ့တဲ့ ၁ ပတ်က Mi 10 နဲ့ Mi 10 Pro အတွက် Stable Android 11 Update ကို ဖြန့်ချိပေးခဲ့ပါတယ်။ ၄ ရက်အကြာမှာ တရုတ်က Redmi K30 Pro Zoom တွေမှာ Android 11 Update ရခဲ့ပြီး အခုတော့ အိန္ဒိယက Redmi Note 9 Pro ( Redmi Note 9S) အလှည့် ကျရောက်လာပါပြီ။

MIUI 12 Update ရဲ့ Build Number ဟာ V12.0.1.0.RJWINXM ဖြစ်ပြီး အရွယ်အစားက 2.3GB ရှိပါတယ်။ Android 11 အခြေပြုထားတဲ့အတွက် နောက်ဆုံးထုတ် Privacy နဲ့ Security Update တွေ ပါလာသလို Messaging ပို ကောင်းလာပါတယ်။

ဒါဟာ Stable Beta Update ဖြစ်တဲ့အတွက် Bugs တွေ ပါလာနိုင်သလို တည်ငြိမ်မှု မရှိတာတွေ ဖြစ်နိုင်ပါတယ်။ Redmi Note 9 Pro User တွေဟာ OTA Update ကနေ ရယူနိုင်ပြီး Note 9S User တွေဟာ ကိုယ်တိုင် Firmware အသစ်ကို Flash လုပ်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: