Qualcomm က Huawei ကို Chip ထုတ်လုပ်ပေးနိုင်ပြီလို့ အတည်ပြု

Qualcomm ဟာ Huawei ရဲ့ ထုတ်ကုန်တချို့အတွက် Chip ထုတ်လုပ်ပေးနိုင်တဲ့ လိုင်စင် ရသွားပြီလို့ ဒီ ၁ ပတ်အစောပိုင်းက သတင်းထွက်ခဲ့ပါတယ်။ အဲဒီအချိန်ုတုန်းကတော့ တရုတ်က ထွက်လာတဲ့ ကောလဟာလလို့ပဲ ထင်ခဲ့ကြပါတယ်။ သက်သေ အထောက်အထားလည်း မရှိခဲ့ပါဘူး။ အခုတော့ Qualcomm က တရားဝင် အတည်ပြုလိုက်ပါပြီ။

Qualcomm က 4G Chipset တွေကို Huawei အတွက် ထုတ်လုပ်ပေးဖို့ ခွင့်ပြုချက်ရသွားပြီလို့ ကြေညာလိုက်ပါတယ်။ မကြာခင်ကထွက်ခဲ့တဲ့ သတင်းတွေကလည်း အဲဒီလိုပဲ ဆိုထားကြပါတယ်။

Qualcomm ဟာ Huawei အတွက် 5G Chipset တွေ ဘယ်အချိန်ထုတ်လုပ်ပေးနိုင်မလဲဆိုတာ မသိရသေးပါဘူး။ Huawei ကတော့ အမေရိကန် အစိုးရ ခွင့်ပြုတာနဲ့ Qualcomm နဲ့ လက်တွဲ အလုပ်လုပ်ချင်တယ်လို့ မကြာခဏ ပြောထားဖူးပါတယ်။

Ref : gsmarena

%d bloggers like this: