မြန်မာငွေကျပ် သိန်း ၈၅,၀၀၀ တန်တဲ့ Apple ထုတ်ကုန်တွေ ဗြိတိန်မှာ ဓါးပြတိုက်ခံရ

ဗြိတိန်က Northamptonshire ရဲဌာနက မြန်မာငွေကျပ် သိန်း ၈၅,၀၀၀ တန်တဲ့ Apple ထုတ်ကုန်တွေ ခိုးယူခံရတယ်လို့ သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီ Apple ထုတ်ကုန်တွေကို လုံခြုံရေးတွေနဲ့အတူ ထရပ်ကားနဲ့ သယ်ဆောင်ချိန်မှာ ခိုးယူခံရတာပါ။ ဒီလ ၁၀ ရက်နေ့ ည ၈ နာရီလောက် M1 အဝေးပြေးလမ်းမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ သူခိုးတွေက ယာဉ်မောင်းနဲ့ လုံခြုံရေးတွေကို ကြိုးနဲ့ချည်ထားခဲ့ပါတယ်။

ဒါဟာ သေသေချာချာ ကြိုတင်ကြံစည်ထားတဲ့ ဓါးပြတိုက်မှု ဖြစ်ပြီး ထရပ်ကားဟာ Northamptonshire ရှိ Crick ကို မောင်းနှင်လာတာဖြစ်ပါတယ်။ ဓါးပြတိုက်သူတွေဟာ Apple Device တွေ ထည့်ထားတဲ့ နောက်တွဲကို တခြား ထရပ်ကား ၁ စီးနဲ့ သယ်ဆောင်သွားတာပါ။

အဲဒီ ထရပ်ကားကို Lutterworth မှာ တွေ့ခဲ့ကြရပြီး သူခိုးတွေဟာ Apple ထုတ်ကုန်တွေကို နောက်ထပ် ကား ၁ စီးနဲ့ မသွားတာလို့ ထင်ရပါတယ်။ ရဲတွေက အဲဒီအမှုကို လိုက်နေကြပါတယ်။

Ref : gsmarena

%d bloggers like this: