Apple က ၂၀၂၂ မှာ Foldable iPhone ကို ရောင်းချနိုင်

Android Foldable စမတ်ဖုန်းတွေ ထွက်နေပြီ ဖြစ်ပေမယ့် Apple iPhone က နောက်ကောက်ကျနေပါသေးတယ်။ ဒါပေမယ့် Apple ကလည်း အငြိမ် မနေပါဘူး။ ၂၀၁၇ ခုနှစ်ကတည်းက Apple ဟာ Foldable iPhone ဖန်တီးနေတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့တာပါ။ အခုတော့ Apple ဟာ Foldable iPhone ကို စတင်စမ်းသပ်နေပြီ ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

ပြီးခဲ့တဲ့ လ အနည်းငယ်တုန်းက Ice Universe ဟာ Apple က Foldable မျက်နှာပြင်တွေ ထုတ်လုပ်ပေးဖို့ Samsung နဲ့ စကားပြောနေတယ်လို့ သတင်းပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အစောပိုင်းမှာ Apple Foldable iPhone ရဲ့ Patent တွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ Apple ရဲ့ ဒီဇိုင်းတွေမှာတော့ ထက်ဝက် ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်းတလုံးကို တွေ့မြင်ရပါတယ်။ Samsung ဟာ တက်ဘလက်လိုပါ သုံးနိုင်တဲ့ အရွယ်ကြီး Foldable ဖုန်းတွေ အပြင် အရင်ခေတ်က ခေါက်ချိုးဖုန်းတွေလို ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ Galaxy Z Flip ကို ဖန်တီးထားပါတယ်။ Apple ရဲ့ Foldable iPhone ဟာ Galaxy Z Flip နဲ့ သွားတူနေပါတယ်။

ဒီနှစ် ဇွန်လမှာ Foldable iPhone ဒီဇိုင်း အသစ် ၁ ခုထွက်လာပြီး Microsoft Surface Duo လို မျက်နှာပြင် ၂ ခုနဲ့ Hinge ပါတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ Apple က ဒီလို ဒီဇိုင်း ခပ်တုန်းတုန်းကို ထုတ်လုပ်မယ်လို့ မထင်မိပါဘူး။ Foldable မျက်နှာပြင်ပါတဲ့ ဒီဇိုင်းကိုပဲ Apple ထုတ်လုပ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: