OnePlus 9 ကို Geekbench မှာ တွေ့လာရပြီ

နောက်နှစ် မတ်လမှာ OnePlus 9 Series တွေကိုကြေညာတော့မယ်လို့ သတင်းထွက်နေပြီး ဒီလထဲမှာ သူတို့ရဲ့ သတင်းတွေ စတင်ထွက်ပေါ်လာတာပါ။ အစောပိုင်းက OnePlus ဟာ 9 Series စမတ်ဖုန်း ၃ လုံးကို ကြေညာဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ခဲ့ပေမယ့် မသေချာ မရေရာ ဖြစ်သွားခဲ့ပါတယ်။ အခုတော့ OnePlus 9 Standard Edition ကို Geekbench မှာတွေ့လာရပါပြီ။

OnePlus 9 မှာ Snapdragon 875 Chipset , 8GB RAM နဲ့ Android 11 ပါမယ်လို့ Geekbench မှာ ဖော်ပြထားပါတယ်။ Single-core စမ်းသပ်ချက်မှာ ၁,၁၁၅ မှတ်နဲ့ Multi-core စမ်းသပ်ချက်မှာ ၃,၄၈၃ မှတ်ရထားပါတယ်။

မကြာခင်ကလည်း သူ့ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာခဲ့ပါတယ်။ ဓါတ်ပုံတွေဟာ ခန့်မှန်း ဒီဇိုင်းကို ကွန်ပြူတာနဲ့ ရေးဆွဲထားတာ ဖြစ်ပြီး အရမ်း အသေးစိတ် မကျပါဘူး။ အနောက်ဘက်က ကင်မရာ ၃ လုံးဟာ OnePlus 8T နဲ့ ဆင်တူပြီး အရှေ့ဘက်မှာ ဆဲလ်ဖီး ကင်မရာအတွက် မျက်နှာပြင် ဘယ်ဘက်အထက်မှာ Punch Hole ၁ လုံး တပ်ဆင်ထားပါတယ်။

လက်ရှိ ပေါက်ကြားနေတဲ့ သတင်းအရ မျက်နှာပြင်ကို အဆင့်မြှင့်ထားမှာ ဖြစ်ပြီး OnePlus 9 Standard Edition မှာ ၆.၅၅ လက်မ မျက်နှာပြင် ပါလာမှာ ဖြစ်ကာ 144Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: