Poco M3 ကို ဒီလ ၂၄ ရက်နေ့ ကြေညာမည်

Poco က ဒီနှစ်မကုန်ခင်မှာ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ လက သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Poco Global ရဲ့ တရားဝင် တွစ်တာ အကောင့်က နောက်ထုတ်မယ့် Poco M3 ရဲ့ Teaser ကို မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Poco M Series ဖြစ်တဲ့ Poco M2 နဲ့ M2 Pro တို့ရဲ့ တတိယမြောက် အဖွဲ့ဝင်ဖြစ်လာမှာပါ။ Poco M3 လို့ နာမည်ပေးထားပြီး ဒီလ ၂၄ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။


Poco က သူ့ရဲ့ Specs တွေကို အရိပ်အယောင်တောင် မပေးသေးပါဘူး။ ဒါပေမယ့် Poco Global က မျှဝေထားတဲ့အတွက် နိုင်ငံတော်တော်များများမှာ ရောင်းချနိုင်ပါတယ်။ သူ့ရဲ့ Specs တော်တော်များများဟာ မကြေညာရသေးတဲ့ Redmi Note 10 နဲ့ တူညီမယ်လို့ ထင်ရပါတယ်။

Poco M2 ဟာ Redmi 9 ကို နာမည်ပြောင်း ရောင်းချထားတာ ဖြစ်သလို M2 Pro ဟာလည်း Redmi Note 9S နဲ့ အားလုံးနီးပါး တူညီပါတယ်။ Redmi Note 9S ကို အိန္ဒိယမှာ Redmi Note 9 Pro နာမည်နဲ့ ရောင်းပေးထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ Poco M3 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ ပိုမို သိလာရတော့မှာပါ။

Ref : gsmarena

%d bloggers like this: