အကြမ်းခံ စမ်းသပ်မှုမှာ အခြေအနေ ကောင်းသွားတဲ့ iPhone 12 Pro Max နဲ့ 12 mini

iPhone 12 Pro Max နဲ့ 12 mini တို့ကို စတင် ရောင်းချပေးလိုက်ပါပြီ။ အခုတော့ နာမည်ကျော် ဖုန်းတွေကို အကြမ်းခံစမ်းသပ်ရာမှာ နာမည်ကြီးတဲ့ JerryRigEverying ရဲ့ လက်ထဲကို သူတို့ ၂ လုံး ရောက်သွားပါပြီ။ သူတို့ ၂ လုံးဟာ ဂုဏ်ထူးမှတ်နဲ့ အောင်မြင်သွားပါတယ်။

iPhone 12 Pro Max နဲ့ 12 mini ၂ လုံးစလုံးရဲ့ Ceramic Shield ဟာ Mohs ရဲ့ အကြမ်းခံ စမ်းသပ်မှု Level 6 မှာ ခြစ်ရာ စထင်သွားပါတယ်။ ဒါပေမယ့် ခြစ်ရာတွေဟာ အရင်နှစ်ထုတ် iPhone 11 လောက် မနက်ရှိုင်းပါဘူး။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက မျက်နှာပြင်ကို စက္ကန့် ၅၀ မီးနဲ့ ရှို့ကြည့်တဲ့အခါမှာ မပျက်ဆီးတာကို တွေ့ရပါတယ်။ ဒါဟာ Ceramic Molecules ကြောင့် ဖြစ်နိုင်ပါတယ်။

သူတို့ ၂ လုံးရဲ့ အကြမ်းခံ စမ်းသပ်တဲ့ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: