0 Shares 107 Views

Windows နဲ့ Android ၂ မျိုးလုံးသုံးလို့ရမယ့် Laptop တစ်လုံးကို ထုတ်လုပ်ဖို့ Huawei စီစဉ်နေ

huawei_official_19

တရုတ်နိုင်ငံ အခြေစိုက် ဖုန်းကုမ္မဏီတစ်ခုဖြစ်တဲ့ Huawei ဟာ ကွန်ပျူတာ ဈေးကွက်ထဲကိုလည်း ခြေချဖို့ကြိုးစားလာပါပြီ။မီဒီယာတွေရဲ့ သတင်းဖော်ပြချက်အရတော့ တရုတ်နိုင်ငံက နည်းပညာ လုပ်ငန်းဟာ ဒီနှစ်ထဲမှာ သူတို့ရဲ့ ပထမဆုံး လက်ပ်တော့ပ် တစ်လုံးကို ထုတ်လုပ်ဖို့ရှိနေပါတယ်။

ထို လက်ပ်တော့ပ် ကတော့ အသုံးပြုသူတွေကို Windows နဲ့ Android စတဲ့ OS ၂ မျိုးကို လက်ပ်တော့ပ် တစ်ခုတည်းမှာ သုံးနိုင်တဲ့ dual-boot လုပ်ဆောင်ချက်ကို ထည့်သွင်းထားမယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံက Yicai သတင်းစာက တင်ပြထားတာကတော့ Huawei ဟာ နောက်လမှာပြုလုပ်မယ့် မိုဘိုင်းလ်ကမ္ဘာညီလာခံ(MWC) အခမ်းအနားမှာ သူတို့ရဲ့ ပထမဆုံး လက်ပ်တော့ပ်ကို မိတ်ဆက်ဖော်ပြသွားဖို့ စီစဉ်ထားတယ် ဆိုတာပါပဲ။ Huawei ကုမ္မဏီရဲ့ အမှုဆောင်အရာရှိတစ်ဦးကလည်း ၂၀၁၅ ခုနှစ်တုန်းက လူအများစုဟာ Apple ရဲ့ နုတ်ဘွတ်ခ် တွေကိုသာ သုံးစွဲနေကြခြင်းကို လက်ညှိုးထိုးထောက်ပြခဲ့ပြီး လက်ရှိ ကွန်ပျူတာ ဈေးကွက်ကို အပြစ်တင်ပြောဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင်မနှစ်ကတုန်းကလည်း Huawei ဟာ “Matebook” ဆိုတဲ့အမှတ်တံဆိပ်နာမည်တစ်ခုကို မှတ်ပုံတင်ဖို့ ကြိုးစားခဲ့ဖူးတဲ့အတွက် Yicai သတင်းစာက Matebook ဟာ Huawei က အသစ်ထုတ်လုပ်မယ့် OS ၂မျိုးသုံး စပ်ပေါင်း လက်ပ်တော့ပ် ရဲ့ နာမည်ဖြစ်နိုင်တယ်လို့ ဖော်ပြထားပြီး ထို လက်ပ်တော့ပ်ဟာ ဖြုတ်/တပ် လွယ်ကူတဲ့ ကီးဘုတ် တစ်မျိုးကိုလည်း ထည့်သွင်းသွားဖွယ်ရှိတယ်လို့ အခြား မီဒီယာတွေက ဖော်ပြထားပါတယ်။

တစ်ကယ်တော့ Huawei ဟာ နက်ဝေါ့ခ် တပ်ဆင်တဲ့ ကိရိယာတွေရောင်းချရင်း နာမည်ရလာပြီးတဲ့နောက် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလ်ဖုန်း ကုမ္မဏီ တွေထဲကတစ်ခုအဖြစ်လည်း ရပ်တည်လာနိုင်ခဲ့ပါတယ်။ မနှစ်ကလည်း Huawei ဟာ Google နဲ့ ပေါင်းပြီး Nexus 6P စမတ်ဖုန်းကို အတူထုတ်လုပ်ခဲ့ဖူးပါတယ်။ ၂၀၁၅ခုနှစ်အတွက်လည်း Huawei ဟာ ဘဏ္ဍာငွေ ဒေါ်လာ ၄၆.၅ ဘီလီယံ ရှိခဲ့ရာမှာ အကျိုးအမြတ် ဒေါ်လာ ၅.၅ ဘီလီယံ ရရှိခဲ့ပါသေးတယ်။

Ref : Gadgets 360

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
617 shares189 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
124 shares41 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Most from this category