DxOMark မှာ Xiaomi Mi 10 Pro နဲ့ အမှတ် တူသွားတဲ့ iPhone 12 Pro

DxOMark က iPhone 12 Pro ရဲ့ ကင်မရာတွေကို စမ်းသပ်လိုက်ပြီး စုစုပေါင်း ၁၂၈ မှတ်နဲ့ နံပါတ် ၄ နေရာ ရသွားပါတယ်။ Xiaomi Mi 10 Pro နဲ့ ရမှတ်တူညီနေပြီး Huawei P40 Pro ထက် ၁ မှတ်ပဲ နည်းနေပါတယ်။ iPhone 12 Pro ရဲ့ အနောက်ဘက်မှာ 12MP ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး Depth Sensing အတွက် LiDAR Sensor အပို ၁ လုံး ထည့်သွင်းထားပါတယ်။

iPhone 12 Pro ကင်မရာတွေရဲ့ စွမ်းရည်က အရမ်း ကောင်းပါတယ်။ DxOMark က Autofocus စွမ်းရည် ကောင်းမွန်ပြီး အရောင်တွေ တိကျတယ်လို့ ပြောပါတယ်။ Indoor ဓါတ်ပုံတွေရဲ့ အရည်အသွေးက ကျေနပ်စရာ ကောင်းပါတယ်။

ညဘက် ရိုက်ချက်တွေဟာလည်း အရမ်း ကောင်းမွန်ပြီး ပြစ်ချက် နည်းပါးပါတယ်။ Dynamic Range က သိပ်မကောင်းဘဲ Telephoto Sensor ဟာ အဝေးကို Zoom ဆွဲရင် ပြဿနာတွေ ရှိနေပါတယ်။ Ultrawide Sensor က ကောင်းပေမယ့် အသေးစိတ်မကျတာက ပြိုင်ဘက် စွမ်းရည်မြင့် ဖုန်းတွေလောက် မကောင်းပါဘူး။

ဗီဒီယို အပိုင်းဟာ အရမ်းကို ကောင်းမွန်ပြီး Autofocus က ပြစ်ချက် မရှိပါဘူး။ အရောင်တိကျပြီး Exposure မိုက်ပါတယ်။ Stabilization ကလည်း ပြောစရာ မလိုသလို အလင်းရောင်နည်းပါးချိန်တွေမှာ အသေးစိတ်ကျတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ Wide Dynamic Range ကလည်း တော်တော် မိုက်ပါတယ်။

Ref : gsmarena

%d bloggers like this: