Apple MacOS Big Sur 11.0.1 ကို ဖြန့်ချိ

Apple ဟာ MacOS Big Sur ကို မကြာခင်က ကြေညာခဲ့ပြီး Version Number က 11.0.1 ဖြစ်ပါတယ်။ အခုတော့ သူ့ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး လုပ်ဆောင်ချက် အသစ်တွေနဲ့ Apple ရဲ့ နောက်ဆုံးထုတ် M1 Chip အတွက် Optimization တွေထည့်သွင်းထားပါတယ်။

အကြီးမားဆုံး ပြောင်းလဲမှု ၁ ခုက ဒီဇိုင်းကို ဆန်းသစ်ထားတာဖြစ်ပြီး Navigation ပိုကောင်းလာပါတယ်။ Control Center အသစ် ထည့်သွင်းထားပြီး Safari မှာလည်း Privacy အထူးပြု လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ ဘာသာပြန်စွမ်းရည်လည်း ဘရောက်စာမှာ ထည့်သွင်းထားပြီး System ၁ ခုလုံးရဲ့ စွမ်းဆောင်ရည် တိုးတက်လာပါတယ်။ Maps မှာ Guides, Look Around, Indoor Maps လို လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

MacOS Big Sur Update ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိလိုက်ပြီ ဖြစ်ပြီး Compatible Macs တွေကို အောက်မှာ လေ့လာပါ။

• MacBook (2015 or later)
• MacBook Air (2013 or later)
• MacBook Pro (Late 2013 or later)
• Mac mini (2014 or later)
• iMac (2014 or later)
• iMac Pro (2017 or later)
• Mac Pro (2013 or later)

System Preferences > Software Update ကနေ သို့မဟုတ် App Store ကနေ Update လုပ်နိုင်ပါတယ်။

Ref : fonearena

%d bloggers like this: