Xiaomi Mi 11 မှာ လေးဘက်လေးတန် ကွေးညွှတ်တဲ့ မျက်နှာပြင် ပါလာနိုင်

Xiaomi က Mi 11 မှာ လေးဘက်လေးတန် ကွေးညွှတ်တဲ့ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ Punch Hole ကို မျက်နှာပြင်ရဲ့ အထက် ဘယ်ဘက်နားမှာ တပ်ဆင်ထားမယ်လို့ သိရပါတယ်။

Xiaomi ဟာ တခြား တရုတ် ပြိုင်ဖက် ဖုန်း ကုမ္ပဏီတွေထက် လက်ဦးမှုရယူကာ Snapdragon 875 Chipset ကို သုံးမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ Mi 11 မှာ ထည့်သွင်းထားမှာ ဖြစ်တယ်လို့ Digital Chat Station က သတင်းပေးထားပါတယ်။

သူက ဝီဘိုမှာ ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး Mi 11 ဟာ Snapdragon 875 Chipset ပါတဲ့ ပထမဆုံး တရုတ် ဖုန်း ဖြစ်လာမှာပါ။ အဲဒီ Chipset ကို ပထမဆုံး သုံးမယ့် ကုမ္ပဏီကတော့ Samsung ဖြစ်ပြီး Galaxy S21 Series မှာ ထည့်သွင်းထားမှာပါ။

ဖုန်း ကုမ္ပဏီတွေကတော့ Chipset အသစ်တွေကို အပြိုင်လုနေကြတာပါပဲ။ Xiaomi Mi 11 ဘယ်တော့ ထွက်လာမလဲ ဆိုတာ မသိရသေးပါဘူး။ မေလမှာ ကြေညာခဲ့တဲ့ Redmi K30 5G Racing ဟာ Snapdragon 768G Chipset ပါတဲ့ ၁ လုံးထဲသော ဖုန်း အဖြစ် စံချိန်တင်ထားနိုင်ပါသေးတယ်။ Snapdragon 875 ကို ဒီဇင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး Core ၈ လုံး ပါလာမှာပါ။ 5nm Chipset ဖြစ်ပြီး Snapdragon X60 5G Modem ထည့်သွင်းထားမှာပါ။

Ref : gizmochina

%d bloggers like this: