Facebook နဲ့ Instagram ရဲ့ Chat မှာ Vanish Mode ပါလာ

Facebook က Messenger နဲ့ Instagram မှာ Chat Window ပိတ်လိုက်တာနဲ့ Message တွေကို ဖျက်ပေးမယ့် Vanish Mode ထည့်သွင်းပေးလိုက်ပါတယ်။ Vanish Mode ကို Chat ရဲ့ အောက်ခြေကနေ Swipe လုပ်လိုက်တာနဲ့ အသုံးပြုနိုင်ပါတယ်။ Vanish Mode ကို Activate လုပ်ပြီးနောက် Message ၁ ခုပို့လိုက်ပြီးရင် Chat Window ပိတ်လိုက်တဲ့အခါ သို့မဟုတ် တခြား App ၁ ခု ပြောင်းသုံးတဲ့ အခါမှာ ပို့ထားတဲ့ Message ကို ဖျက်ပေးမှာပါ။ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေ၊ တခြား လူတွေ မသိစေချင်တဲ့ သတင်းအချက်အလက်တွေကို ပေးပို့တဲ့အခါမှာ Vanish Mode က အသုံးဝင်ပါတယ်။

အဲဒီ လုပ်ဆောင်ချက် အသစ်ကို Group Chat နဲ့ Personal Chat ၂ ခုစလုံးမှာ အသုံးပြုနိုင်ပါတယ်။ ပေးပို့လိုက်တဲ့ Message တွေကို Chat မှာ ချက်ချင်း ဖျက်ပေးမှာ ဖြစ်ပေမယ့် သူတစ်ပါးကို တိုက်ခိုက်စော်ကားတဲ့ စကားတွေ ဖြစ်နေရင် Report တင်နိုင်အောင် Facebook ရဲ့ System ထဲမှာ ၁၄ ရက်ကြာ သိမ်းပေးထားမှာပါ။

ဒီလုပ်ဆောင်ချက်ဟာ တကယ်တော့ အသစ် မဟုတ်ပါဘူး။ Messenger မှာ အလားတူ လုပ်ဆောင်ချက်မျိုး ဖြစ်တဲ့ Secret Conversation ထည့်သွင်းပေးထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် Secret Conversation ကို လူသိပ်မသုံးကြဘူးလို့ သိရပါတယ်။ Instagram မှာလည်း အလားတူ လုပ်ဆောင်ချက်မျိုး အရင်ကတည်းက ရှိထားပြီးသားပါ။

Ref : gsmarena

%d bloggers like this: