အိန္ဒိယမှာ ကွာတား ၃ အတွင်း စမတ်ဖုန်း ၅၄.၃ သန်း ရောင်းချရ

International Data Corporation (IDC) က ၂၀၂၀ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း အိန္ဒိယရဲ့ စမတ်ဖုန်း ရောင်းအား စစ်တမ်းကို ကြေညာလိုက်ပါတယ်။ ၅၄.၃ သန်း ရောင်းချရပြီး အရင်နှစ်ကထက် ၁၇ ရာခိုင်နှုန်း ပိုများလာပါတယ်။ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၅ ခုက Xiaomi, Samsung, Vivo, realme နဲ့ OPPO တို့ ဖြစ်ပါတယ်။

အိန္ဒိယမှာ Xiaomi ဟာ ချန်ပီယံ ဘွဲ့ကို ဆက်တိုက် သိမ်းပိုက်ထားပြီး ၁၃.၅ သန်းရောင်းချနိုင်ခဲ့ကာ ဈေးကွက်ဝေစု ၂၅ ရာခိုင်နှုန်း ရထားပါတယ်။ ရောင်းအား အကောင်းဆုံးက Redmi 8 Series နဲ့ Redmi 9 Series ဖြစ်ပါတယ်။

Samsung က ၁၂.၁ သန်းနဲ့ နံပါတ် ၂ နေရာကို ရထားပြီး အရင်နှစ်ကထက် ၃၈ ရာခိုင်နှုန်း တက်လာပါတယ်။ Vivo က ၉ သန်းနဲ့ နံပါတ် ၃ နေရာကို သိမ်းပိုက်ထားပြီး ဈေးကွက်ဝေစု ၁၆.၇ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ realme က ၈ သန်းနဲ့ နံပါတ် ၄ နေရာ ရောက်နေပြီး နံပါတ် ၅ နေရာကို OPPO က ၆.၁ သန်းနဲ့ ရထားပါတယ်။

IDC က Feature ဖုန်း ၂၅ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၃၀ ရာခိုင်နှုန်း ပိုတိုးတက်လာတယ်လို့ ပြောပါတယ်။ ကိုဗစ် ကပ်ရောဂါ ကာလမှာ ဖုန်း ရောင်းအား တက်လာတာက အံ့အားသင့်စရာပါ။

Ref : fonerena

%d bloggers like this: