Samsung က ၂၀၂၁ မှာ Foldable ဖုန်း တိုးချဲ့ ထုတ်လုပ်မည်

Samsung Electronics ဟာ ၂၀၂၀ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလ အတွင်း ငွေကြေးရှင်းတမ်းကို ဒီတစ်ပတ် အစောပိုင်းမှာ ကြေညာခဲ့ပြီး အဖက်ဖက်မှာ အမြတ်များစွာ ရခဲ့တယ်လို့ ပြောပါတယ်။ Samsung ဟာ ၂၀၂၁ မှာ Foldable ဖုန်းတွေကို တိုးချဲ့ထုတ်လုပ်မယ်လို့ သတင်းပေးလိုက်ပါတယ်။

TheElec ရဲ့ သတင်းအရ Samsung ဟာ ၂ နှစ်အတွင်းမှာ အမြတ် အများဆုံး ရခဲ့တယ်လို့ ပြောပါတယ်။ ဒေါ်လာ ၁၀.၉ ဘီလီယမ် အမြတ်ရခဲ့ပြီး စမတ်ဖုန်း အပိုင်းမှာ ၃.၉ ဘီလီယမ်ရခဲ့ပါတယ်။ ၂၀၁၉ ရဲ့ ၁.၃၅ ဘီလီယမ်ထက် ပိုတိုးတက်လာတာပါ။

Samsung ဟာ ဈေးအစားအစား ရှိတဲ့ Foldable ဖုန်းတွေကိုလည်း ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီအတွက် ဈေးချိုတဲ့ Foldable ဖုန်းတွေ နောက်နှစ်မှာ များစွာ ထွက်လာနိုင်ပါတယ်။ ကိုဗစ် ကပ်ရောဂါ ဖြစ်နေပေမယ့် စမတ်ဖုန်း ရောင်းအား တက်လာတာက ထူးခြားပါတယ်။ Samsung ဟာ စမတ်ဖုန်း နယ်ပယ်မှာသာမကဘဲ တခြား Consumer Electronics ထုတ်ကုန်တွေလည်း ရောင်းအားတက်ခဲ့ပါတယ်။ ၂၀၂၀ မှာ နေအိမ်ကနေ အလုပ်လုပ်လာကြတဲ့အတွက် အရွယ်ကြီး မျက်နှာပြင် ပါတဲ့ Device တွေ ရောင်းအား ကောင်းခဲ့ပါတယ်။

Ref : gizmochina

%d bloggers like this: