32MP အရှေ့ ကင်မရာ ပါတဲ့ Vivo V20 SE ကို အိန္ဒိယမှာ နောက်လ ၂ ရက်နေ့ ရောင်းမည်

Vivo က အိန္ဒိယမှာ ဒီလ အစောပိုင်းက V20 SE ရဲ့ အဓိက Specs တွေကို ကြေညာခဲ့ပေမယ့် ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်ကို မပြောခဲ့ပါဘူး။ အခုတော့ နောက်လ ၂ ရက်နေ့ ရောင်းမယ်လို့ သတင်းထွက်လာပြီး စတိုး ၁ ခုက ၂၀,၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၆ သောင်းလောက်ကျသင့်မှာပါ။

Vivo V20 SE မှာ ၆.၄၄ လက်မ FullHD+AMOLED မျက်နှာပြင် ၊ Snapdragon 665 SoC ၊ 8GB RAM ၊ 48MP Main +8MP Ultrawide +2MP Depth ကင်မရာ၊ 32MP အရှေ့ ကင်မရာတွေထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး 33W Fast Charging ပါတဲ့ 4,100mAh ဘက်ထရီ ပါပါတယ်။

Vivo V20 SE specifications

• 6.44-inch (2400×1080 pixels) Full HD+ AMOLED display
• Octa Core Snapdragon 665 11nm Mobile Platform (Quad 2GHz Kryo 260 + Quad 1.8GHz Kryo 260 CPUs) with Adreno 610 GPU
• 8GB RAM, 128GB storage, expandable memory up to 1TB with microSD
• Android 10 with Funtouch OS 11
• Dual SIM
• 48MP rear camera with f/1.8 aperture, LED flash, 8MP wide-angle camera with f/2.2 aperture, 2MP depth sensor with f/2.4 aperture
• 32MP front-facing camera with f/2.0 aperture
• In-display fingerprint sensor
• 3.5 mm audio jack, FM Radio
• Dimensions: 161.00×74.08×7.83mm; Weight: 171g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 4100mAh (typical) battery with 33W fast charging

Vivo V20 SE အတွက် Oxygen Blue နဲ့ Gravity Black ၂ ရောင် ထုတ်လုပ်ထားပြီး မလေးရှားမှာ ၂၃၇ ဒေါ်လာလောက်ရှိပါတယ်။ ၃ သိန်းလောက်ပဲရှိပြီး မလေးရှားမှာ ရောင်းပေးနေပါပြီ။

Ref ; fonearena

%d bloggers like this: