48MP ကင်မရာ၊ 5000mAh ဘက်ထရီ ပါတဲ့ Honor 10X Lite ကို ကြေညာ

Honor က စွမ်းရည်သင့် 10X Lite ကို ဆော်ဒီအာရေးဗီးယားမှာ ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၆၇ လက်မ IPS LCD မျက်နှာပြင် ပါလာပြီး 20:9 Aspect Ratio , Full HD+ တွေ ပါပါတယ်။ Kirin 710 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ထည့်ထားပါတယ်။

အရှေ့ဘက်မှာ 8MP ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Superwide , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ပါပါတယ်။ 22.5W SuperCharge Fast Charging ပါတဲ့ 5,000mAh ဘက်ထရီက သူ့ရဲ့ အကောင်းဆုံး အစိတ်အပိုင်းလို့ ပြောရမှာပါ။

Android 10 OS အခြေပြု Magic UI 3.1 မောင်းနှင်ထားပြီး GMS အစား Huawei Mobile Service (HMS) ပဲ ပါလာပါတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာ ထည့်ထားပြီး dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5.1, GPS, NFC, USB-C နဲ့ a 3.5mm Audio Jack ထောက်ပံ့ထားပါတယ်။

Honor 10X Lite ကို ဆော်ဒီအာရေးဗီးယားမှာ 799 SAR သတ်မှတ်ထားပြီး ၂ သိန်း ၇ သောင်းလောက်ပဲ ကျသင့်ပါတယ်။ Icelandic Frost, Midnight Black နဲ့ Emerald Green ၃ ရောင် ထုတ်လုပ်ထားပြီး မကြာခင်မှာ ရောင်းချပေးတော့မှာပါ။ တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina

%d bloggers like this: