Google Pixel 5 မှာ Sony IMX363 ပင်မ ကင်မရာကို သုံးထားပြီး Pixel 3 နဲ့ 4 မှာ သုံးထားတဲ့ ကင်မရာနဲ့ တူပါတယ်။ Google ဖုန်းတွေမှာ ဆော့ဖ်ဝဲကြောင့် ကင်မရာ စွမ်းရည်တွေ ကောင်းကြပါတယ်။ အခုတော့ DxOMark က Pixel 5 ကင်မရာကို စမ်းသပ်လိုက်ပြီး ၁၂၀ မှတ် ရသွားပါတယ်။ အရင်မျိုးဆက်ထက် ကင်မရာ စွမ်းရည် ပိုကောင်းလာပေမယ့် စွမ်းရည်သင့် တန်းထဲကတော့ မထွက်လာသေးပါဘူး။
ဓါတ်ပုံ ရမှတ်က ၁၂၉ ဖြစ်ပြီး ဓါတ်ပုံတွေ အသေးစိတ်ကျပြီး အရောင်တွေ လှပပါတယ်။ Autofocus ကလည်း တိကျလှပါတယ်။ ဒါပေမယ့် Low Light စွမ်းဆောင်ရည်ကတော့ သာမာန်ပဲ ဖြစ်ပြီး နေ့ဘက် ဓါတ်ပုံတွေမှာ Noise တွေက သိသာလှပါတယ်။
Pixel 5 ရဲ့ Zoom ဟာ ၄၉ မှတ်ရထားပြီး Pixel 4 ထက်တောင် အားနည်းပါတယ်။ အဲဒီအတွက် ဓါတ်ပုံ ရမှတ်ဟာ အားနည်းသွားပါတယ်။
ဗီဒီယို အပိုင်းမှာ ၁၀၇ မှတ် ရသွားပြီး Autofocus စွမ်းရည်က မိုက်ပါတယ်။ 4K 30fps နဲ့ 60fps ဗီဒီယိုတွေရဲ့ Stabilization ကလည်း ကောင်းပါတယ်။ ညဘက်ထက် နေ့ဘက်ရိုက်တဲ့ ဗီဒီယိုတွေဟာ ပိုကောင်းပေမယ့် Noise တော့ ရှိနေပါတယ်။
Ref : gsmarena
You must log in to post a comment.