Samsung SmartThings Find က Galaxy ဖုန်းနဲ့ Accessory တွေကို ရှာဖွေပေးနိုင်

Samsung ဖုန်းတွေ ပျောက်ရင် Samsung Find My Mobile နဲ့ Google Find My Device ကို သုံးပြီး မြေပုံမှာ ရှာဖွေနိုင်ပါတယ်။ အခုတော့ Samsung က SmartThings Find လို့ခေါ်တဲ့ ဝန်ဆောင်မှု အသစ် ၁ ခုကို မိတ်ဆက်လိုက်ပြီး Android 8 နဲ့အထက် Galaxy ဖုန်း၊ တက်ဘလက်တွေနဲ့ Tizen 5.5 နဲ့အထက် Galaxy Watch လို Wearables တွေကို ရှာဖွေပေးနိုင်ပါတယ်။ Galaxy Buds Live နဲ့ Buds Plus တို့လို နားကြပ်တွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ Samsung SmartThings App ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ SmartThings Find ကို တစ်ကမ္ဘာလုံးမှာ ဖြန့်ချိပေးလိုက်ပါပြီ။

အဲဒီ ဝန်ဆောင်မှုမှာ AR အခြေပြု Search Nearby လို အလန်းစား လုပ်ဆောင်ချက် ပါလာပြီး အချိန်နဲ့ တစ်ပြေးညီ ပျောက်နေတဲ့ ပစ္စည်းကို ရှာပေးနိုင်ပါတယ်။ ဒီနည်းပညာက Ultra-wideband (UWB) နဲ့ Bluetooth Low Energy (BLE) ကို သုံးကာ ရှာဖွေပေးတာပါ။ Ultra-wideband ကို လက်ရှိမှာ Galaxy Note20 Series နဲ့ Z Fold 2 မှာပဲ ရကြပါသေးတယ်။ ဒီနည်းပညာက Frequency ပိုမြင့်တဲ့အတွက် Bluetooth ထက် အားသာပါတယ်။

SmartThings Find က Offline ဖြစ်နေရင်တောင် အဲဒီ Galaxy Device တွေကို ရှာပေးနိုင်တာက မိုက်ပါတယ်။ Device ၁ ခုဟာ Offline ဖြစ်နေတာ မိနစ် ၃၀ ကျော်လာရင် တခြား Galaxy Device တွေ ခြေရာခံနိုင်တဲ့ BLE Signal ကို ထုတ်လွှင့်ပေးပါတယ်။

Ref : gsmarena

%d bloggers like this: