ကွာတား ၃ မှာ တစ်ကမ္ဘာလုံး တက်ဘလက် ရောင်းအား တိုးတက်လာ

စစ်တမ်း အသစ် အရ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာ တစ်ကမ္ဘာလုံး တက်ဘလက် ရောင်းအားဟာ အရင်နှစ်ကထက် ၂၄.၉ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ကိုဗစ် ကာလမှာ နေအိမ်ကနေ အလုပ်လုပ်နေကြတဲ့အတွက် တက်ဘလက် ရောင်းအား တက်လာတာ ဖြစ်နိုင်ပါတယ်။ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ စာရင်းမှာ နံပါတ် ၁ နေရာကို Apple က သိမ်းပိုက်ထားပါတယ်။ သူ့နောက်မှာ Samsung, Amazon , Huawei နဲ့ Lenovo တို့ အစဉ်လိုက် ရပ်တည်နေပါတယ်။

Apple iPad တွေရဲ့ ရောင်းအားဟာ အရမ်း ကောင်းနေပြီး အရင်နှစ်ကထက် ၁၇.၄ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ iPad 2019 နဲ့ iPad 2020 ဟာ ရောင်းအား အကောင်းဆုံး iPad ဖြစ်ပြီး ပညာသင်ကြားရေးမှာ အသုံများနေကြပါတယ်။ နံပါတ် ၂ နေရာက Samsung ဟာ ၉.၄ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၈၉.၂ ရာခိုင်နှုန်းတောင် တိုးတက်လာတာပါ။

Amazon က နံပါတ် ၃ နေရာမှာ ၅.၄ သန်းနဲ့ ရပ်တည်နေပေမယ့် အရင်နှစ်ကထက် ၁.၂ ရာခိုင်နှုန်း ကျသွားပါတယ်။ Samsung ရဲ့ နာမည်အကြီးဆုံးက ၈ လက်မ တက်ဘလက် ဖြစ်ပြီး ကြေညာထားတာ သိပ်မကြာသေးပါဘူး။ Huawei က ၄.၉ သန်းနဲ့ နံပါတ် ၄ ၊ Lenovo က ၄.၁ သန်းနဲ့ နံပါတ် ၅ နေရာကို ရထားကြပါတယ်။

Ref : fonearena

%d bloggers like this: