Foldable ဖုန်းတွေဟာ စမတ်ဖုန်း ဈေးကွက်မှာ အောင်မြင်လာမယ်လို့ ဆိုနေကြပါတယ်။ Samsung က ဒီနယ်ပယ်မှာ ဆရာကြီး ဖြစ်ပြီး ၂၀၂၁ မှာ ဒီထက်ပို ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ အခုတော့ Xiaomi ဟာ Foldable ဖုန်း ၁ လုံးကို ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။
Xiaomi ဟာ ၂၀၁၉ အစောပိုင်းမှာ သုံးဖက်ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းကို Tease လုပ်ခဲ့ပြီး ဗီဒီယို ၂ ခုမှာလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် Xiaomi ဟာ အဲဒီ စမတ်ဖုန်းရဲ့ Specs တွေကိုတော့ မပြောသေးပါဘူး။ မနှစ်ကတော့ Xiaomi ဟာ ကိုယ်ထည် တစ်ခုလုံးနီးပါးကို မျက်နှာပြင်နဲ့ ပတ်ထားတဲ့ Mi Mix Alpha ကိုပဲ ကြေညာခဲ့ပါတယ်။
အခုတော့ Xiaomi ရဲ့ Foldable ဖုန်း ၁ လုံးကို Mi 10 Pro ရဲ့ MIUI 12 မှာ တွေ့လာရတယ်လို့ သိရတဲ့အတွက် Xiaomi ဟာ Foldable ဖုန်း ၁ လုံး ဖန်တီးနေတာ သေချာပါတယ်။ သူ့ရဲ့ လျှို့ဝှက်နာမည်ဟာ Cetus ဖြစ်ပြီး Android 11 အခြေပြု MIUI သုံးထားပါတယ်။ Qualcomm Snapdragon Chipset မောင်းနှင်ထားပြီး 108MP ကင်မရာ ပါပါတယ်။
အဲဒါကလွဲကာ သူ့ရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ သူဟာ Foldable ဖုန်းတွေထဲမှာ ဈေးအချိုဆုံး ဖြစ်လာနိုင်ပါတယ်။ တရုတ်မှာပဲ ရောင်းချမယ်လို့ ထင်ပါတယ်။
Ref : gizmochina
You must log in to post a comment.