Samsung Galaxy Z Fold3 မှာ S Pen ပါလာနိုင်

Samsung ဟာ WIPO (World Intellectual Property Organisation) မှာ Patent ၁ ခုကို မှတ်ပုံတင်ထားပြီး Galaxy Z Fold3 လို့ ထင်ရပါတယ်။ Patent မှာ S Pen ကို တွေ့ရပါတယ်။ ပုံမှာ S Pen ကို Galaxy Note ဖုန်းမှာလို ဖုန်းရဲ့ ညာဘက်အောက်ခြေမှာ ထည့်သွင်းထားတာ မြင်ရပါတယ်။ S Pen ဟာ ခေါက်ချိုးထားတဲ့ နေရာမှာ အလုပ်လုပ်မလား ဆိုတာ မသိရသေးပါဘူး။ Samsung ဟာ Foldable မျက်နှာပြင်အတွက် AES (Active Electrostatic Solution) နည်းပညာကို အသုံးပြုဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။

LetsGoDigital က အဲဒီ Patent ကို အခြေခံပြီး Galaxy Z Fold3 ရဲ့ ဓါတ်ပုံကို ဖန်တီးထားပါတယ်။ အဲဒီဓါတ်ပုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

Samsung က အဲဒီ Patent ကို ဧပြီလက မှတ်ပုံတင်ခဲ့ပြီး ဒီတစ်ပတ်ထဲမှာ ခွင့်ပြုချက် ရသွားပါတယ်။ Samsung ဟာ Fold Series မှာ S Pen ထည့်သွင်းဖို့ ကြံစည်နေတာ တော်တော်ကြာပြီလို့ ထင်ပါတယ်။ ဒါပေမယ့် အရင်လက ကြေညာခဲ့တဲ့ Galaxy Z Fold2 5G မှာ S Pen မထည့်သွင်းပေးခဲ့ပါဘူး။ S Pen ပါတဲ့ Galaxy Z Fold3 ကို ၂၀၂၁ ခုနှစ် ဒုတိယ နှစ်ဝက်မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: