LG ဟာ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလ အတွင်း ဝင်ငွေ စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီး မိုဘိုင်း ဌာနဟာ အခြေအနေ ကောင်းတာတွေ့ရပါတယ်။ မိုဘိုင်း ကနေ ဝင်ငွေဟာ ၁.၃၄ ဘီလီယမ် ဒေါ်လာရှိပြီး အရင် ကွာတားထက် ၁၇ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဒါပေမယ့်လည်း မိုဘိုင်း ဌာနဟာ အရှုံးပြနေတုန်းပါပဲ။ ကွာတား ၃ မှာ ဒေါ်လာ ၁၂၄.၉ သန်း ရှုံးခဲ့ပေမယ့် ၂၀၂၀ ကွာတား ၂ ရဲ့ ၁၆၉.၁ သန်းထက် နည်းလာပါတယ်။
LG ဟာ မြောက်နဲ့ တောင် အမေရိကရဲ့ အဓိက ဈေးကွက်တွေမှာ ရောင်းအား တိုးတက်လာပါတယ်။ LG Wing, Velvet နဲ့ Q51 တို့ဟာ ကွာတား ၃ မှာ အဓိက ရောင်းကောင်းခဲ့တဲ့ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ ဈေးချိုတဲ့ စမတ်ဖုန်း အသစ်တွေရဲ့ ရောင်းအားဟာ မျှော်မှန်းထားတာထက် ပိုကောင်းလာပြီး မိုဘိုင်း ဌာနအတွက် အဓိက ဝင်ငွေ ရှာပေးခဲ့တာပါ။
LG ဟာ အမေရိကန်မှာ 5G စမတ်ဖုန်းတွေကို အဓိက ထုတ်လုပ်ရောင်းချဖို့ အာရုံစိုက်ထားပါတယ်။ LG ဟာ စမတ်ဖုန်း နယ်ပယ်မှာ ပြန်လည် ခေါင်းမော့လာမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
Ref : gsmarena
You must log in to post a comment.