Apple ကို ကျော်တက်ကာ ကမ္ဘာ့ နံပါတ် ၃ ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်လာတဲ့ Xiaomi

IDC ရဲ့ စစ်တမ်းအရ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ဟာ ဦးမော့လာပါပြီ။ တစ်ကမ္ဘာလုံး စမတ်ဖုန်း ရောင်းအားဟာ ၂၀၂၀ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာ ၃၅၃ သန်း ရှိခဲ့ပါတယ်။ ကုမ္ပဏီတချို့ဟာလည်း ရောင်းအား ပြန်တက်လာပါတယ်။

Samsung အတွက် ရလာဒ်ကောင်းတဲ့ ကွာတား ဖြစ်ပြီး အရင်နှစ် ကွာတား ၃ ကထက် ရောင်းအား ၂.၉ ရာခိုင်နှုန်း တက်လာပါတယ်။ Huawei ဆီက ချန်ပီယံဘွဲ့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Samsung ဟာ အလုံးရေ ၈၀.၄ သန်းရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစုက ၂၂.၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။

Huawei ဟာ အနောက်နိုင်ငံတွေမှာ ရုန်းကန်နေရပြီး ဥရောပမှာ အရင်နှစ် ကွာတား ၃ ကထက် ရောင်းအား ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ Canalys စစ်တမ်းအရ သိရပါတယ်။ Huawei ဟာ နံပါတ် ၂ နေရာကိုတော့ ပိုင်ပိုင်နိုင်နိုင် သိမ်းပိုက်ထားပါတယ်။

Xiaomi ကတော့ Apple ကို ကျော်တက်သွားပါတယ်။ IDC စစ်တမ်းအရ Xiaomi ဟာ ကွာတား ၃ မှာ အလုံးရေ ၄၆.၂ သန်းနဲ့ နံပါတ် ၃ နေရာကို သိမ်းပိုက်ထားပါတယ်။ Apple ကတော့ ၄၁.၇ သန်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။

Ref : androidauthority

%d bloggers like this: