Redmi K40 မှာ Snapdragon Chipset ပါမယ်လို့ သတင်းထွက်လာပြီ

Redmi K40 Series စမတ်ဖုန်းတွေရဲ့ သတင်းတွေ စတင် ထွက်လာပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ ကြေညာတော့မယ်လို့ ထင်ရပြီး တိတိကျကျပြောရရင် ဒီဇင်ဘာလအကုန်မှာပါ။ အခုတော့ M2011K2C မော်ဒယ်နံပါတ် ပါတဲ့ ဖုန်း ၁ လုံးကို မှတ်ပုံတင်ထားပြီ ဖြစ်ပြီး ဒါဟာ Redmi K40 Series ဖြစ်နိုင်ပါတယ်။ Qualcomm Snapdragon Chipset ထည့်သွင်းထားပေမယ့် အဲဒီ Chipset ကို အခုထက်ထိ မကြေညာရသေးပါဘူး။

အရင်သတင်းတွေအရ Snapdragon 775G Chipset ဖြစ်မယ်လို့သိရပြီး Qualcomm ဟာ သူနဲ့အတူ စွမ်းရည်မြင့် Snapdragon 875 Chipset ကိုပါ ဒီဇင်ဘာလ အစောပိုင်းမှာ ကြေညာမယ်လို့ ထင်ပါတယ်။

Redmi K30 5G ဟာ Snapdragon 765G SoC ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပြီး Redmi K40 ဟာလည်း Snapdragon 775G SoC ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်ပါတယ်။

Xiaomi ဟာ စွမ်းရည်မြင့် Snapdragon 875 SoC ပါတဲ့ ပထမဆုံး ဖုန်း ၁ လုံးကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ ထင်ရပါတယ်။ Redmi K30 Pro မှာ SD865 ပါလာတဲ့အတွက် Redmi K40 Pro မှာ SD875 ပါလာနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: