နောက်လ ၂ ရက်နေ့ ကြေညာမယ့် OnePlus 8T Cyberpunk 2077 Edition

ဒီဇင်ဘာလမှာ မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ Cyberpunk 2077 ဂိမ်းကို ဖြန့်ချိတော့မှာပါ။ အဲဒီ ဂိမ်း ကုမ္ပဏီနဲ့ OnePlus တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ OnePlus 8T Cyberpunk 2077 Edition ကို နောက်လ ၂ ရက်နေ့မှာ ကြေညာတော့မယ်လို့ OnePlus က အတည်ပြုလိုက်ပါတယ်။

OnePlus 8T Cyberpunk 2077 Edition ဟာ ဒီဇိုင်းအပိုင်းမှာ OnePlus 8T နဲ့ နည်းနည်း ကွာခြားမှာပါ။ အနောက်ဘက်က ကင်မရာ ဒီဇိုင်းကို ဆန်းသစ်ထားတာကို Teaser ဓါတ်ပုံမှာ မြင်ရပါတယ်။ အထူးထုတ် Theme ပါလာမှာပါ။ Specs အပိုင်းမှာတော့ မူလ OnePlus 8T နဲ့ တူညီမှာပါ။

သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၅၅ လက်မ FHD+ Fluid AMOLED မျက်နှာပြင်၊ 120Hz Refresh Rate နဲ့ 20:9 Aspect Ratio တွေ ထည့်သွင်းထားပါတယ်။ 16MP Punch Hole ကင်မရာ ၁ လုံးကို အရှေ့ဘက်မှာ တပ်ဆင်ထားပြီး HDR10+ ထောက်ပံ့ထားပါတယ်။ Aquamarine Green နဲ့ Lunar Silver အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Snapdragon 865 SoC မောင်းနှင်ထားပြီး 5G ထောက်ပံ့ထားပါတယ်။ OnePlus 8 ထက် Vapour Chamber က ၂၈၅ ရာခိုင်နှုန်း ပိုကြီးလာပြီး Android 10 အခြေပြု OxygenOS 11 မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 48MP , 16MP Ultrawide , 5MP Macro နဲ့ 2MP Monochrome ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ Video Night Scape , Video Portrait နဲ့ Video Tracking စတဲ့ ကင်မရာ လုပ်ဆောင်ချက်တွေ ပါပါတယ်။

4,500mAh ဘက်ထရီနဲ့ Warp Charge 65W Charging က ၃၉ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 45W PD Charger ပါတဲ့အတွက် Laptop နဲ့ Tablet တွေကိုတောင် အားသွင်းပေးနိုင်ပါတယ်။

OnePlus 8T specifications

• 6.55-inch (1080 x 2400 pixels) Full HD+ 402 ppi 20:9 Fluid AMOLED display with 120Hz refresh rate, HDR 10+, 1100 nits brightness, Corning Gorilla Glass protection
• 2.84GHz Octa-Core Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 8GB LPDDR4X RAM with 128GB (UFS 3.1) storage / 12GB LPDDR4X RAM with 256GB (UFS 3.1) storage
• Android 11 with OxygenOS 11
• Dual SIM (nano + nano)
• 48MP rear camera with Sony IMX586 sensor, 0.8μm pixel size, f/1.7 aperture, OIS + EIS Hybrid stabilization, 16MP 116° ultra-wide camera with f/2.2 aperture, Sony IMX481 sensor, 5MP 3cm macro camera, 2MP depth sensor, 4K video at 60fps, 720p slow motion at 480fps, 1080p slow motion at 240fps
• 16MP front-facing camera with Sony IMX471 sensor, f/2.45 aperture, EIS
• In-display fingerprint sensor
• Dimensions: 160.7×74.1×8.4mm; Weight: 188g
• USB Type-C audio, Dual Stereo speakers, Dolby Atmos
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax 2X2 MIMO, Bluetooth 5.1, GPS (L1+L5 Dual Band) + GLONASS, USB Type-C
• 4500mAh battery with Warp Charge 65 Fast Charging (10V/6.5A)

Ref : fonearena

%d bloggers like this: