Samsung က Galaxy S21 မှာ Charger / Earphones မပါဘဲ ရောင်းချနိုင်

တောင်ကိုရီးယားက ထွက်လာတဲ့ သတင်းအရ Samsung ဟာ Apple ရဲ့ လမ်းစဉ်ကို လိုက်တော့မယ်လို့ သိရပါတယ်။ Galaxy S21 Series မှာ Charger/ Earphones တွေ မပါဘဲ ရောင်းချနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ ဘူးထဲမှာ USB-C ကြိုးပဲ ထည့်သွင်းထားနိုင်ပါတယ်။ Samsung ဟာ နောက်ဆုံး ဆုံးဖြတ်ချက်အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။

Samsung ဟာ ပထမမျိုးဆက် Galaxy S ကစပြီး Galaxy S20 Series အထိ ဘူးထဲမှာ Wired Earbuds , USB Cable နဲ့ Charger တွေကို ထည့်သွင်းပေးခဲ့တာပါ။

ဘူးထဲက Accessory တွေ လျှော့ချပြီး ဘူးအရွယ်အစား သေးအောင် လုပ်တာက သဘာဝပတ်ဝန်းကျင်အတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာ ဝေဖန်စရာတွေ ဖြစ်လာမှာပါ။

Samsung ဟာ စွမ်းရည်မြင့် မဟုတ်တဲ့ စမတ်ဖုန်းတွေမှာလည်း ဒီလို Accessory တွေကို ဖယ်ရှား ရောင်းချမလား ဆိုတာ မသိရသေးပါဘူး။ Galaxy S21 Series တွေရဲ့ သတင်းတွေ စတင် ထွက်လာပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ ပိုမိုသိလာရနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: