Vivo က Funtouch OS ကို Origin OS နဲ့ အစားထိုးမယ်လို့ အတည်ပြုလိုက်ပြီ

Vivo ဟာ X30 ဖုန်းနဲ့အတူ Funtouch OS 10 ကို အရင်နှစ်နှောင်းပိုင်းက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကပ်ရောဂါကြောင့် ဖုန်းအဟောင်းတွေမှာ ထည့်သွင်းပေးဖို့ နောက်ကျခဲ့ပါတယ်။ အစကတော့ Vivo ဟာ Jovi OS ကို ဖန်တီးခဲ့ပေမယ့် နောက်ပိုင်းမှာ လက်လျှော့ခဲ့ပါတယ်။ မကြာခင်ကပဲ Vivo က ကိုယ်တိုင်ထုတ် Software Project အသစ်ကို ဖန်တီးနေပြီ ဖြစ်ပြီး Origin OS လို့ နာမည်ပေးထားတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

အခုတော့ Vivo က အဲဒီ သတင်းကို ဝီဘို အကောင့်ကနေ တရားဝင် အတည်ပြုလိုက်ပါပြီ။ Vivo ရဲ့ Developer Conference ကျင်းပမယ့် နောက်လ ၁၉ ရက်နေ့မှာ Origin OS ကို ကြေညာနိုင်ပြီး Vivo ဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအကြားမှာ X60 ဖုန်းကို ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။

လက်ရှိ အချိန်အထိ Origin OS ရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးသလို UI ဒီဇိုင်းကိုလည်း မမြင်ရသေးပါဘူး။ Digital Chat Station က Origin OS ဟာ လက်ရှိ Funtouch ထက် အများကြီး ပိုကောင်းလာမှာ ဖြစ်ပြီး အကောင်းဆုံး Android UI တွေထဲက ၁ ခု ဖြစ်လာမယ်လို့ ပြောပါတယ်။

Ref : gsmarena

%d bloggers like this: