Amazfit GTR 2 နဲ့ GTS 2 ကို နိုင်ငံတကာမှာ ရောင်းပြီ

Xiaomi ပိုင်တဲ့ Huami က Amazfit GTR 2 နဲ့ GTS 2 ကို ပြီးခဲ့တဲ့ လက တရုတ်မှာ ကြေညာခဲ့ပါတယ်။ အခုတော့ နိုင်ငံတကာမှာ ရောင်းပေးလိုက်ပါပြီ။ ဗြိတိန်နဲ့ အမေရိကန်မှာ ရောင်းဈေးကို အောက်မှာ လေ့လာနိုင်ပါတယ်။

GTR 2 မှာ ၁.၃၉ လက်မ 3D Curved AMOLED မျက်နှာပြင်ပါလာပြီး Stainless Steel နဲ့ Aluminium Body တွေ ထုတ်လုပ်ထားပါတယ်။ Classic နဲ့ Sports Version ၂ မျိုးထုတ်လုပ်ထားပြီး နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏ၊ အိပ်စက်မှုတွေကို တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။

Sports Mode ၁၂ မျိုုး ထည့်သွင်းထားပြီး နောက်ပိုင်းမှာ ၉၀ လောက်အထိ ပါလာမှာပါ။ သီချင်း အပုဒ်ရေ ၆၀၀ လောက် ထည့်နိုင်တဲ့ 4GB Storage ပါလာပါတယ်။ NFC ထောက်ပံ့ထားပြီး ဘက်ထရီ သက်တမ်းက ၁၄ ရက်လောက် ခံပါတယ်။

GTS 2 မှာ ပိုကြီးတဲ့ ၁.၆၅ လက်မ AMOLED မျက်နှာပြင်နဲ့ Aluminium ကိုယ်ထည် ထည့်သွင်းထားပါတယ်။ ညာဘက်မှာ ခလုတ် ၁ ခုပဲ တပ်ဆင်ထားပြီး သူ့မှာ GTR 2 ရဲ့ လုပ်ဆောင်ချက် အများစု ပါပါတယ်။ ဘက်ထရီက သေးသွားပြီး ၇ ရက်လောက်ပဲ အသုံးခံပါတယ်။

Amazfit GTR 2 specifications

• 1.39-inch (454 x 454 pixels) AMOLED 326PPI screen with up to 450 nits brightness, scratch reistant diamond-like carbon coating
• Support for Android and iOS
• 12 Sport Mode tracking, Activity and In-depth Sleep monitoring
• Huami’s self-developed BioTracker, 2 PPG (support blood oxygen) biological data sensor, Accelerometer, Gyroscope sensor, Geomagnetic Sensor, Air Pressure Sensor, Ambient Light sensor
• Water resistant (5ATM / 50 Meters)
• Bluetooth 5.0 LE, Wi-Fi (2.4GHz), GPS+GLONASS, NFC
• 4GB storage for standalone music playback
• Microphone and three magnetic super linear speakers to attend calls, use Xiao Ai voice assistant, Smart PA audio amplifier
• Dimensions: 46.4×46.4×10.7mm; Weight: 31.5g (Sports without strap)/ 39g (Classic without strap)
• 471mAh battery with up to 14 days battery life, up to 38 days battery life in basic watch mode

Amazfit GTS 2 specifications

• 1.65-inch (348 X 442 pixels) AMOLED 341PPI screen, scratch reistant diamond-like carbon coating
• Support for Android and iOS
• 12 Sport Mode tracking, Activity and In-depth Sleep monitoring
• Huami’s self-developed BioTracker, 2 PPG (support blood oxygen) biological data sensor, Accelerometer, Gyroscope sensor, Geomagnetic Sensor, Air Pressure Sensor, Ambient Light sensor
• Water resistant (5ATM / 50 Meters)
• Bluetooth 5.0 LE, Wi-Fi (2.4GHz), GPS+GLONASS, NFC
• 4GB storage for standalone music playback
• Microphone and speaker to attend calls, use Xiao Ai voice assistant
• Dimensions: 42.8 x 35.6 x 9.7mm; Weight: 24.7g (without strap)
• 246mAh battery with up to 7 days battery life, up to 20 days battery life in long battery life mode

GTR 2 အတွက် Obsidian Black အရောင်နဲ့ GTS 2 အတွက် Obsidian Black , Dolphin Gray နဲ့ Gold ၃ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : fonearena

%d bloggers like this: