LG Wing ကို အမေရိကန်က AT&T မှာ နောက်လ ၆ ရက် ရောင်းမည်

AT&T က LG Wing ရောင်းမယ့် နေ့ကို ကြေညာလိုက်ပါပြီ။ အမေရိကန်မှာ သူ့ကို စက်တင်ဘာလလယ်က ကြေညာခဲ့ပြီး Verizon က အစောဆုံး ရောင်းပေးခဲ့ပါတယ်။ အခုတော့ AT&T က နောက်လ ၆ ရက်နေ့မှာ ၁,၀၅၀ ဒေါ်လာနဲ့ ရောင်းမယ်လို့ ကြေညာလိုက်ပြီး ၁၃ သိန်းခွဲလောက် ကျသင့်မှာပါ။ တစ်လကို ၃၅ ဒေါ်လာနဲ့ လပေါင်း ၃၀ အရစ်ကျဝယ်ယူနိုင်မယ့် အစီအစဉ်လည်း ပြုလုပ်ပေးထားပါတယ်။

ဖုန်း အဟောင်းပေးမယ်ဆိုရင် တစ်လကို ၁၁.၆၇ ဒေါ်လာပဲ ကျသင့်မယ့် ပလန်ကိုလည်း ပြုလုပ်ပေးထားပါတယ်။ အဲဒီ ပလန်နဲ့ဆိုရင် ၃၅၀ ဒေါ်လာလောက်ပဲ ကျသင့်ပြီး ဒေါ်လာ ၇၀၀ လောက် သက်သာမှာပါ။ LG Wing ကို AT&T ရဲ့ 5G ကွန်ရက် ကနေ အသုံးပြုနိုင်ပါတယ်။

LG Wing ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၈ လက်မ P-OLED FullVision ပင်မ မျက်နှာပြင်နဲ့ ၃.၉ လက်မ FHD+ အပို မျက်နှာပြင် ပါလာပါတယ်။ Swivel Mode ပြောင်းလိုက်ရင် အရှေ့ဘက်က ပင်မ မျက်နှာပြင်ကို ၉၀ ဒီဂရီ လှည့်လို့ရပြီး အပို မျက်နှာပြင်ငယ်ပေါ်လာပါတယ်။ သဘောက ပင်မ မျက်နှာပြင်ရော၊ အပို မျက်နှာပြင်ကိုပါ တစ်ပြိုက်နက် သုံးနိုင်မှာပါ။

LG က ဖုန်းမှာ ထည့်သွင်းထားတဲ့ NAVER Whale Browser အတွက် YouTube , Tubi တို့နဲ့ ပူးပေါင်း ဖန်တီးထားပါတယ်။ ပင်မ မျက်နှာပြင်မှာ ဗီဒီယို ကြည့်နေတဲ့ အချိန်မှာ အပိုမျက်နှာပြင်မှာ ကွန်းမန့်နဲ့ Search Bar ကို မြင်ရမှာပါ။ Rave နဲ့ Ficto Platforms တွေမှာ ဗီဒီယိုတွေကို Full Screen အနေနဲ့ ကြည့်နိုင်ပြီး အပိုမျက်နှာပြင်မှာ Viewer တွေနဲ့ စကားပြောနိုင်ပါတယ်။ Compatible ဗီဒီယို ပလက်ဖောင်းတွေမှာ ဖုန်းကို Media Controller လို သုံးနိုင်ပါတယ်။

Multi App Feature က တစ်ပြိုင်နက် သုံးချင်တဲ့ App ၂ ခုရဲ့ Shortcut တွေကို ဖန်တီးပေးပါတယ်။ Swivel Mode ဟာ ကားမောင်းရင်လည်း အသုံးဝင်မှာ ဖြစ်ပြီး ပင်မမျက်နှာပြင်မှာ Map Direction ကို ကြည့်နိုင်သလို အပိုမျက်နှာပြင်ကို Call အတွက် သုံးနိုင်ပါတယ်။ ပင်မမျက်နှာပြင်ကို Landscape Mode လို သုံးနေချိန်မှာ အပို မျက်နှာပြင်ကို လက်ကိုင်အဖြစ် သုံးလို့ရပါတယ်။ Grip Lock ကို Activate လုပ်ထားရင် အပို မျက်နှာပြင်မှာ ရက်စွဲနဲ့ အချိန်လို အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို ပြသပေးပြီး မတော်တဆထိမိတာကို စိုးရိမ်စရာ မလိုတော့ပါဘူး။

အနောက်ဘက်မှာ 64MP Main (OIS) , 12MP Ultrawide နဲ့ 13MP Wide-angle ကင်မရာ ၃ လုံးပါလာပါတယ်။ Gimbal Mode ဖွင့်ထားရင် အပို မျက်နှာပြင်ကို ကိုင်ပြီး ဓါတ်ပုံ၊ ဗီဒီယိုတွေကို Stability ကောင်းကောင်းနဲ့ ရိုက်နိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာ အတွက် 32MP Pop-up ကင်မရာ ၁ လုံးထည့်ထားပါတယ်။ မျက်နှာပြင် ၂ ခုပါတဲ့အတွက် အလေးချိန်များပါတယ်။ LG Wing အတွက် Aurora Gray နဲ့ Illusion Sky ၂ ရောင် ထုတ်လုပ်ထားပါတယ်။

LG WING specifications

• 6.8-inch (2440 × 1080 pixels) Full HD+ 20.5: 9 aspect ratio P-OLED display, 3.9-inch (1240 x 1080 pixels) 1.15:1 G-OLED second screen
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 8GB RAM, 128GB / 256GB storage, expandable memory up to 2TB with microSD
• Android 10
• 64MP rear camera with LED flash, f/1.8 aperture, OIS, 13MP 117° ultra-wide lens with f/1.9 aperture, 12MP 120° ultra-wide Gimbal mode Camera with f/2.2 aperture
• 32MP pop-up front-facing camera with f/1.9 aperture
• In-display fingerprint sensor
• USB Type-C audio
• Dimensions: 169.5 x 74.5 x 10.9 mm; Weight: 260g
• MIL-STD 810G Compliance, Water and Dust Resistance (IP54)
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS/GLONASS/Beidou, NFC, USB Type-C
• 4000mAh (Typical) battery with Quick Charge 4.0+ 25W fast charging, 10w wireless chargin

Ref : fonearena

%d bloggers like this: