iPhone 12 Pro ရဲ့ အကြမ်းခံ စမ်းသပ်တဲ့ ဗီဒီယိုထွက်လာပြီ

ဖုန်းတွေရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ JerryRig ရဲ့လက်ထဲကို iPhone 12 Pro ရောက်လာပါပြီ။ ရလာဒ်က တော်တော် ကောင်းတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် Apple အမွှမ်းတင်ထားတဲ့ အရှေ့ဘက်က Ceramic Shield မျက်နှာပြင်ဟာ ရိုးရိုး ဖန် မျက်နှာပြင်တွေလိုပဲ Mohs’ Scale of Hardness Level 6 မှာ ခြစ်ရာထင်သွားတာပါပဲ။

Apple က အရှေ့ မျက်နှာပြင်ကို Nanoscale Ceramic Crystals ပါတဲ့ ဖန်နဲ့ ဖုံးအုပ်ထားပြီး ခြစ်ရာထင်ဖို့၊ ကွဲအက်ဖို့ အရမ်းခက်တယ်လို့ ကြွေးကြော်ထားပါတယ်။ Ceramic Shield ရဲ့ ထူးခြားချက်ကတော့ မီးရှို့ကြည့်တဲ့အခါ လုံးဝ မလောင်တာဖြစ်ပါတယ်။ အပူ သိပ်မကူးတဲ့ Ceramic ကြောင့်ဖြစ်နိုင်ပြီး အောက်က Pixels တွေကို ပိုကာကွယ်နိုင်တာပါ။

အဲဒီ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: