iPhone 12 mini ရဲ့ Hands-on ဗီဒီယို ထွက်ပေါ်လာ

Apple က iPhone 12 mini ကို ကြိုတင်မှာယူခွင့်ပေးဖို့ ၁ ပတ်လောက်လိုပါသေးတယ်။ အခုတော့ ရိုမေးနီးယားက နည်းပညာ ဂျာနယ်လစ် George Buhnici က အဲဒီဖုန်းရဲ့ Hands-on ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ သူက 12 mini ကို 12 , 12 Pro တို့နဲ့ နှိုင်းယှဉ်ပြလိုက်ပါသေးတယ်။

iPhone 12 mini ရဲ့ အရွယ်အစား အပြည့်အစုံဟာ 131.5 x 64.2 x 7.4 mm ဖြစ်ပြီး အလေးချိန်က ၁၃၅ ဂရမ် ဖြစ်ပါတယ်။ လက်တစ်ဖက်ထဲနဲ့ ကိုင်တွယ် သုံးလို့ရပြီး Apple ရဲ့ နောက်ဆုံးထုတ် Chipset ပါတဲ့ ဖုန်း ဖြစ်ပါတယ်။ ၅.၄ လက်မ Super Retina XDR OLED ထည့်သွင်းထားတာဖြစ်ပြီး ဗီဒီယိုမှာ အရွယ်သေးတဲ့အတွက် သယ်ဆောင်ရလွယ်တာကိုလည်း သူက ပြောပြထားပါတယ်။ အရှေ့နဲ့အနောက် ကင်မရာတွေကိုလည်း ပြသထားပြီး iPhone 12 နဲ့ တူတာတွေ့ရပါတယ်။

iPhone 12 mini ကို SE 2020 နဲ့ ယှဉ်ကြည့်တဲ့အခါမှာ 12 mini ဟာ ၇ မီလီမီတာ တိုပြီး ၃ မီလီမီတာ ကျဉ်းပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆ အများဆုံး iPhone လည်း ဖြစ်လာပြီး 476 ppi ရှိပါတယ်။ ဒါပေမယ့် Notch တော်တော်ကြီးနေတာက သိပ်မလှပါဘူး။

ref : gsmarena

%d bloggers like this: