OPPO K7x ကို နောက်လ ၄ ရက်နေ့ ကြေညာမည်

OPPO က စွမ်းရည်သင့် K7x Series ဖုန်း အသစ် ၁ လုံးကို မကြာခင် ချပြတော့မှာပါ။ 5G ဖုန်း ဖြစ်ပြီး နောက်လ ၄ ရက်နေ့မှာ တရားဝင် ကြေညာတော့မှာပါ။ OPPO က ဒီသတင်းကို အတည်ပြုလိုက်တာ ဖြစ်ပြီး ဖုန်းရဲ့ Specs တွေကိုတော့ OPPO က မပြောသေးပါဘူး။ ဒါပေမယ့် OPPO က စွမ်းအား အရမ်းမြင့်မယ်လို့ သတင်းပေးထားပါတယ်။

OPPO မျှဝေထားတဲ့ ဓါတ်ပုံမှာ ဖုန်း အနောက်ဘက် ဒီဇိုင်းနဲ့ ကင်မရာတွေကို အရိပ်အမြွက်ပြသထားပါတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း မမြင်ရအောင် ပြုလုပ်ထားတဲ့အတွက် ကင်မရာ အရေအတွက်နဲ့ ဒီဇိုင်းကို သေသေချာချာ မသိရသေးပါဘူး။

အဲဒီ စမတ်ဖုန်းကို TENAA မှာ PERM00 မော်ဒယ်နံပါတ် အနေနဲ့ မှတ်ပုံတင်ထားပြီး ၆.၅ လက်မ LCD Full HD+ မျက်နှာပြင်၊ 20:9 Aspect Ratio တွေ ပါလာမယ်လို့ ဖော်ပြထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားပေမယ့် အားသွင်းနှုန်းကို မသိရသေးပါဘူး။ OPPO K7x ဟာ ၃ သိန်း ၈ သောင်းတန် K7 5G ထက် ဈေးပိုချိုနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: