တန်ဖိုးနည်း Galaxy A02s ကို ထိုင်းမှာ မှတ်ပုံတင်လိုက်ပြီ

Samsung က တန်ဖိုးနည်း ဖုန်း အသစ် ဖြစ်တဲ့ Galaxy A02 ကို ကြေညာဖို့ တာစူနေပါတယ်။ ဒါပေမယ့် ထိုင်းမှာ Galaxy A02s ကိုလည်း မှတ်ပုံတင်ထားပါတယ်။ သူ့ကို အစောဆုံး အနေနဲ့ Bluetooth SIG မှာ တွေ့ခဲ့ရပြီး အဲဒီနောက် Geekbench မှာ မြင်ခဲ့ရပါတယ်။ အခုတော့ ထိုင်းက NBTC မှာ မှတ်ပုံတင်လိုက်ပါတယ်။

Geekbench က စာရင်းအရ A02s မှာ 3GB RAM ပါလာမှာ ဖြစ်ပြီး Android 11 ထည့်ထားမှာပါ။ မော်ဒယ်နံပါတ်က SM-A025G ဖြစ်ပြီး A02 ကတော့ SM-A025F ဖြစ်ပါတယ်။ A02s ဟာ “QC-Reference-Phone” လို့ ဖော်ပြထားတဲ့အတွက် သူ့ကို ဖန်တီးနေဆဲဖြစ်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ Source Code အရ သူ့မှာ Qualcomm Snapdragon 450 Chipset နဲ့ Adreno 506 GPU ပါမယ်လို့ သိရပါတယ်။

အထက်က Specs တွေကလွဲပြီး Galaxy A02s ရဲ့ တခြား Specs တွေကို မသိရသေးပါဘူး။ အရင်မျိုးဆက် A01 ကို အရင်နှစ် ဒီဇင်ဘာလက ကြေညာခဲ့ပြီး ၂၀၂၀ ခုနှစ် အစောပိုင်းမှာ ရောင်းချပေးခဲ့တာပါ။ A02s ကို ၁၃၀ ဒေါ်လာလောက်နဲ့ ရောင်းနိုင်တဲ့အတွက် ၁ သိန်း ၆ သောင်းလောက်ပဲ ကျသင့်မှာပါ။

Galaxy M01 မှာလည်း အလားတူ Specs တွေ ပါလာနိုင်ပြီး အဲဒီ အချိန်လောက်မှာပဲ ကြေညာနိုင်ပါတယ်။ ဒါပေမယ့်လည်း Galaxy M Series ဖုန်း ဖြစ်တဲ့အတွက် အွန်လိုင်း စတိုးနဲ့ မြေပြင်စတိုး တချို့မှာပဲ ရောင်းမှာပါ။

Ref : gizmochina

%d bloggers like this: