Honor က မိတ်ဆက်ပွဲ မတိုင်ခင် Band 6 ရဲ့ Teaser ကို မျှဝေ

Honor က Band 6 ကို နိုဝင်ဘာလ ၃ ရက်နေ့ ကြေညာမယ်လို့ တရုတ်လူမှုကွန်ရက် ဝီဘိုကနေ အသိပေးလိုက်ပါတယ်။ ဓါတ်ပုံမှာ စမတ် လက်ပတ်ရဲ့ ဒီဇိုင်းကို အရိပ်အမြွက် ပြသထားပြီး အရွယ်ကြီး မျက်နှာပြင် ပါလာမှာပါ။

ဝီဘိုမှာ Honor က Band 6 ဟာ Full-screen Wearables ရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်လာမယ်လို့ ကြွေးကြော်ထားပါတယ်။ ဒီတစ်ကြိမ်မှာ မတူထူးခြားမှုကို တွေ့ရမယ်လို့လည်း Honor က သတင်းပေးထားပါတယ်။ အရင်မျိုးဆက် Honor Band 5 ဟာ စတိုင်ကျလှပပြီး အခြေခံ Fitness Tracking တွေ ပါလာသလို ဈေးနှုန်းကလည်း ချိုသာပါတယ်။

မျိုးဆက်သစ်မှာ အရင်မျိုးဆက်ရဲ့ အဓိက လုပ်ဆောင်ချက်တချို့ ပြန်ပါလာနိုင်ပေမယ့် မျက်နှာပြင် အရွယ်အစား ပိုကြီးလာနိုင်ပါတယ်။ OLED မျက်နှာပြင်ထည့်သွင်းထားနိုင်ပြီး အရွယ်အစား ပိုကြီးတဲ့ ဘက်ထရီ ထည့်ထားနိုင်ပါတယ်။

မေးစရာရှိတာက Honor ဟာ အရင်မျိုးဆက်လို ဒေါ်လာ ၃၀ လောက်နဲ့ ရောင်းပေးနိုင်မလား ဆိုတာပါ။ ဒါပေမယ့် Specs တွေကို အဆင့်မြှင့်ထားတဲ့အတွက် ဈေးပိုကြီးသွားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: