OnePlus Nord မှာ Game Space လုပ်ဆောင်ချက် အသစ်တွေ ရပြီ

OnePlus Nord အတွက် ဒီလထဲမှာ ဒုတိယမြောက် Software Update ရရှိပြီ ဖြစ်ပြီး လုပ်ဆောင်ချက် အမိုက်စား တချို့ ပါလာပါတယ်။ Game Space မှာ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပေးထားပြီး အောက်တိုဘာလအတွက် လုံခြုံရေး Update ပါလာပါတယ်။

လက်ရှိမှာ OTA Update ကို အိန္ဒိယနဲ့ Global Version တွေမှာပဲ ဖြန့်ချိပေးထားပြီး ဥရောပအတွက်တော့ နည်းနည်း ကြာဦးမှာ ဖြစ်ပါတယ်။

အပေါ်မှာ ပြောထားသလို OnePlus ရဲ့ Game Space မှာ လုပ်ဆောင်ချက် အသစ်တွေ ပါလာပြီး Changelog မှာ Gaming Tools Box အသစ်နဲ့ Fnatic Mode အတွက် Switch တွေ ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ Notification တွေကို သင့် စိတ်ကြိုက်စီမံခန့်ခွဲလို့ရလာပြီး စာသားပဲ ပြတာ၊ Heads-up ပြတာတွေ ရွေးချယ်နိုင်သလို လုံးဝ Block လုပ်ထားနိုင်ပါတယ်။

မြန်မြန် Reply လုပ်နိုင်တာကိုတော့ WhatsApp နဲ့ INS မှာပဲ ရပါသေးတယ်။ ဂိမ်း ကစားနေတုန်း လက်နဲ့ ခလုတ်တွေ မှားထိမိတာကို ကာကွယ်လို့ ရလာပါတယ်။ Bluetooth , Network နဲ့ System စွမ်းရည်တွေ ပိုကောင်းအောင် ပြုလုပ်ပေးထားပါတယ်။

Ref : gsmarena

%d bloggers like this: